တယ်လီနောကုမ္ပဏီကို မရောင်းချရေးအတွက် ဂျာမနီရောက် မြန်မာတွေ ဆန္ဒပြ
မတ် ၁ ၊ ၂၀၂၂
မြန်မာနိုင်ငံမှာ တယ်လီနောကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့သူတွေဆီ ကုမ္ပဏီကို ရောင်းချဖို့ စီစဉ်နေတဲ့အတွက် မရောင်ချဖို့ ကန့်ကွက်တာနဲ့ စစ်အာဏာရှင်ကန့်ကွက်ရေး ဆန္ဒပြတာတွေပြုလုပ်ပြီး ဂျာမနီရောက် မြန်မာတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံ၊ ဖရန်ဖတ်မြို့မှာ ဂျာမနီရောက်ပြည်သူတွေက ဒီနေ့မနက်မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ စစ်အုပ်စုထံကို တယ်လီနောကုမ္ပဏီမရောင်းချရေး ဆန္ဒပြခဲ့ကြတာပါ။ မြန်မာပြည်သူ ၁၈ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ အကြမ်းဖက်စစ်အုပ်စုထံကို မရောက်ရှိစေဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြတောင်းဆိုသူတွေက ဖရန်ဖတ်မြို့ရဲ့ နော်ဝေနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတောင်း ဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။