တမူး-ကလေး အာရှလမ်းမကြီးပေါ် တမူး တပ်ရင်း ၃ က စစ်ဆေးမှုပြုလုပ်နေစဉ် ဘိန်းဖြူများ ဖမ်းဆီးရမိ


တမူး-ကလေး အာရှလမ်းမကြီးပေါ် တမူး တပ်ရင်း ၃ က စစ်ဆေးမှုပြုလုပ်နေစဉ် ဘိန်းဖြူများ ဖမ်းဆီးရမိ
◾️ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပြီး နောင်ကိုဆက်လုပ်မယ်ဆိုရင် အရေးယူမယ်လို့ သတိပေး
ဇူလိုင် ၆ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခွန်မွန်းနွန်ကျေးရွာအနီးက တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တမူး တပ်ရင်း ၃ က နယ်မြေစိုးမိုးရေးအတွက် မော်တော်ယာဉ်တွေကို စစ်ဆေးမှုပြုလုပ်နေစဉ် ဘီဖြူတွေ သယ် ဆောင်လာတဲ့ ကားကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၄ ရက် မွန်းလွဲ ၁၂ နာရီအချိန်မှာ လမ်းပိုင်းစစ် ဆေးမှုတွေပြုလုပ်နေစဉ် ကလေးမြို့ကနေ တမူးမြို့ဘက်ကို မောင်းနှင်လာတဲ့ ကုန်ပစ္စည်းတင် ကန်ဒါကားတစ်စီးကို စစ် ဆေးရာ ပီနံအိတ်အဖြူ ၃ လုံးနဲ့ တရားမဝင်သယ်ဆောင်လာတဲ့ ဘိန်းဖြူ(ဆယ်ပြာခွက်) အများအပြားကို ရှာဖွေသိမ်း ဆည်းရမိခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၃) က အများပြည်သူရှေ့မှာပဲ မီးရှို့ဖျက်ဆီး ခဲ့ပြီး နောက်နောင်မှာ မူးယစ်ဆေးဝါးတွေ၊ ရွှေမှောင်ခိုတွေ၊ တရားမဝင်ငွေမဲ မှောင်ခိုလုပ်ငန်းတွေ၊ သစ်မှောင်ခိုတွေ ဆက် လုပ်မယ်ဆိုရင် ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ရဲ့ တပ်ဖွဲ့ဝင်တွေက၊တမူးမြို့နယ်၊ တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေးဆောင်ရွက်မှုအရ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေးတွေ ဖြစ်ကြတဲ့ Mandalay Strong Beer,Mandalay Super Fresh Lager, MEC Myanmar Rice, Moon Dairy Creamer, Myanmar Beer,Myanmar Brewery, Myanmar Premium Beer, Nan Myaing Coffee, Nay Pyi Taw Water,Ngwe Pin Lei Premium Marine Products, Premium Gold နဲ့ Red Ruby အစရှိတဲ့ Boycott စာရင်းမှာ ပါဝင်တဲ့ တားမြစ် ထုတ်ကုန် တွေ ကူးသန်းရောင်းဝယ်မှုရှိ၊ မရှိ မော်တော်ယာဉ်တွေကို စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နေတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.