တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်
◾️လက်ရှိဖြစ်ရပ်ကို ကြည့်ရင် မြန်မာ့အရေးကိစ္စက ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ဒေသ တွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို မီးမောင်းထိုးပြနေတဲ့ ဖြစ်ရပ်လို့ ဖော်ပြထား
ဇူလိုင် ၈ ၊ ၂၀၂၂

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ့ ကြေညာချက်အမှတ် ၁၆/၂၀၂၂ ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြေညာချက်ထဲမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်၊ မွန်းလွဲ (၁) နာရီခန့်မှာ တမူးမြို့၊ စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်း အနီးမှာ အိန္ဒိယနိုင်ငံသားများဖြစ်တဲ့ Mr. P. Mohan (၂၈ နှစ်) နဲ့ Mr Aiyanar (၃၅ နှစ်) တို့ကို အကြမ်းဖက် စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တာကို စိတ်မကောင်းစွာသိ ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် သေဆုံးသူနှစ်ဦးရဲ့ ရုပ်ကလာပ်ကို ကျန်ရစ်သူ မိသားစုတွေကို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဦးဆောင်ပြီး မီးသဂြိုဟ်ခဲ့တယ်လို့ဆို ထားပါတယ်။

သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့သူတွေက တမူးမြို့ရဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်လေးဝင်းရဲ့ ညွှန်ကြား ချက်အောက်မှာ လုပ်ဆောင်ပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဖိုးစိန်နဲ့ ဇော်ရဲဆိုသူတွေဖြစ်တယ်လို့ သက်ဆိုင် ရာ မြို့နယ်တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ တင်ပြချက်အရ သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသူတွေကို အလွယ်တကူစုံစမ်းသိရှိနိုင်ပေမယ့်လည်း နိုင်ငံခြားသားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စကို စနစ်တကျအမှုဖွင့်ဆောင်ရွက်တာ၊ အိန္ဒိယနိုင်ငံဘက်ကို အကြောင်းကြားတာမျိုးတွေ မပြုလုပ်ဘဲ အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးလုပ်ဆောင်နေတဲ့သူတွေ့ အဲဒီနေ့မှာပဲ အဆောတလျင် မီးသဂြိုဟ်ဖျောက်ဖျက် လိုက်တာက သတ်ဖြတ်မှုနောက်ကွယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေ တယ်လို့ သုံးသပ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေ လူသတ်မှုကျူးလွန်တာကို တမူးမြို့နဲ့ မိုရေးမြို့မှာ နေတဲ့သူတွေက သိနေကြတဲ့ကိစ္စဖြစ်ပေမယ့် လည်း အကြမ်းဖက်စစ်ကောင်စီဘက်က ဝါဒဖြန့်သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျူးလွန် တယ်လို့ ဗြောင်ကျကျလိမ်လည်ငြင်းဆိုထားပါတယ်။

ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလ က်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက မြန်မာ နိုင်ငံအနှံ့အပြား မှာ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာ၊ လူမဆန်ရက်စက်စွာ နှိပ်စက်သတ်ဖြတ်တာ အစရှိတာတွေကို အရပ်သားပြည်သူတွေ အပေါ် ကျူးလွန်နေပြီးတော့ အဲဒီလို ပြုကျင့်တဲ့ ဖြစ်ရပ်များစွာရဲ့ ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာတွေကို အမျိုးသားညီညွတ် ရေးအစိုးရက ရရှိထားတယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မြန်မာ့အရေးကိစ္စက ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံငြိမ်းချမ်းရေးနဲ့ လူသားမျိုးနွယ်စုတစ်ရပ်လုံးရဲ့ လုံခြုံငြိမ်းချမ်းရေးတို့ကို ထိပါးလာတဲ့ လူသားတိုင်းကာကွယ်တားဆီးရမဲ့ အရေးကိစ္စတစ်ခုဖြစ်ကြောင်းကို မီးမောင်းထိုးပြနေတဲ့ ဖြစ်ရပ်များစွာထဲ က တစ်ခုဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် သတ်ဖြတ်ခြင်းခံရတဲ့ Mr. P. Mohan နဲ့ Mr Aiyanar တို့ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲဖြစ်ရတယ်ဆိုတာနဲ့ တရားမျှတမှုရရှိနိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင့်သင့်ရှိတယ်ဆိုပြီးတော့ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.