တမူးမြို့မှာ အထက်တန်းကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်တပ်က ၁၀ ဦးသေ
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ တမူမြို့က အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS) အတွင်းမှာ အကြမ်းဖက်စစ်တပ်က တပ်ဆွဲထားလို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ တမူးပြည်သူ့ကာ ကွယ်ရေးတပ်ရင်း ၄ TSG က သတင်းထုတ်ပြန်ထားပါတယ်။
စာသင်ကျောင်းထဲမှာ တပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တမူး PDF တပ်ရင်း ၄၊ တပ်ရင်း ၂ ၊ BSO ၊ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်တွေမှာ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်း ဖက်စစ်တပ်က အများအပြားသေဆုံးခဲ့တာပါ။
ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်အချိန်လောက်မှာ အစိုးရနည်းပညာအထက်တန်းကျောင်း GTHS ဝန်းအ တွင်းတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တမူး PDF တပ်ရင်း ၄ က အလစ်အငိုက် ဝင်ရောက်တိုက် ခိုက်ရာမှာ အကြမ်းဖက်စစ်တပ်ဘက်က တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်တပ်က ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ အကြိမ် ၅၀ ထက်မနည်းပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်ကနေ ညနေ ၅ နာရီအထိ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။ အဲဒီတိုက်ပွဲမှာ တမူး PDF တပ်ရင်း ၄ နဲ့အတူ တပ်ရင်း ၂၊ BSO၊ ABSDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက် ခိုက်ခဲ့ ပြီး၊ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ တမူး PDF တပ်ရင်း ၄ ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
နှစ်ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးမှုမရှိဘဲ ဒဏ် အရာအနည်းငယ်ရရှိမှုတွေသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – တမူး PDF တပ်ရင်း ၄ နှင့် BSO တပ်ဖွဲ့ဝင်များ
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်