တပ်မဟာ ၇ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က နယ်မြေကျော်ဝင်လာရင် ပစ်ဖို့အတွက် KNLA ဘက်က အမိန့်ပေးထား
ဒီဇင်ဘာ ၃၁၊ ၂၀၂၁
ကရင်ပြည်နယ်၊ တပ်မဟာ ၇ နယ်မြေ (ဘားအံခရိုင်) အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က နယ်မြေကျော်ဝင်လာခဲ့ရင် ပစ်ဖို့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က အမိန့်ပေးထားတယ်လို့ သိရပါတယ်။
ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ကေအိုင်စီသတင်းက ဖော်ပြထားရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ က ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၇ နယ်မြေအတွင်း ဦးတည်လာနေပြီးတော့ တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ နေရာ ကြားမှာ ဝင်ရောက်နေရာယူထားကြသလို လှိုင်းဘွဲ့မြို့နယ်၊ နဘူးဒေသဘက်ကလည်း စစ်တွေကြောင်း ဝင်ရောက်လာနေ တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက သံချပ်ကာကားတွေ၊ အကြမ်းဖက်စစ်သားတွေတင်ဆောင်လာတဲ့ ကားတွေနဲ့ စစ်အင် အား တိုးမြှင့်လာနေတာဖြစ်ပြီးတော့ တပ်မဟာ ၇ နယ်မြေထဲကို ဦးတည်ပြီး ဝင်ရောက်လာနေတယ်ဆိုပြီးတော့ မြေပြင်သ တင်းတွေကို ကိုးကားပြီး KNU က ကေအိုင်စီသတင်းဌာနကို ပြောကြားထားတာတွေ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက အာဏာသိမ်းယူခဲ့ပြီးချိန်ကစလို့ ကရင်အမျိုးသားအစည်းအရုံးနယ်မြေ တပ်မဟာတွေ ထဲမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၇ နယ်မြေကတော့ လုံးဝ တိုက်ပွဲမဖြစ်ခဲ့သေးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
တပ်မဟာ ၇ ကိုဦးဆောင်နေသူက ဗိုလ်မှူးချုပ် စောဖောဒို ဖြစ်ပြီးတော့ လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ့ သူ့နယ်မြေထဲ ဝင်လာခဲ့ရင် တိုက်ခိုက်ဖို့အတွက် အမိန့်ပေးထားတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews