တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား၊ အကြမ်း ဖက်စစ်ကောင်စီတပ်က ၄ ယောက်သေ၊ ၂၀ ခန့်ဒဏ်ရာရ
ဇန်နဝါရီ ၉ ၊ ၂၀၂၂
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၂ ရက် ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ၄ ယောက်သေ၊ အယောက် ၂၀ ခန့်ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒဏ် ရာရတဲ့ထဲက ၈ ယောက်က အရေးပေါ်ကုသနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ် ပြန်လိုက်ပါတယ်။
ပုလောမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်လည်း KNLA ၊ PDF နဲ့ PRDF တပ်ဖွဲ့တွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဇန်နဝါရီ ၇ ရက် ညနေ ၃ နာရီ ၃၅ မိနစ်ခန့်မှာ ပုလောမြို့နယ်၊ ဆားခဲကျေးရွာမှာ ပုလောမြို့နယ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ လည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၈ ရက် ည ၇ နာရီ ၄၀ မိနစ်မှာ ပဝတ်ဖျားရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
နောက်ဆက်တွဲသတင်းတွေအရတော့ စစ်ကောင်စီဘက်ကနေပြီး ကျေးရွာတွေကို မီးလိုက်ရှို့နေပြီးတော့ ပဝတ်ဖျားကျေးရွာအ တွင်းက ဒေသခံအိမ် ၅ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့သွားတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews