တစ်နေ့တာသတင်းအစီအစဉ်များကို နေ့စဉ် ည၈ နာရီခွဲအချိန်တိုင်းမှာ CRPH, NUG, Radio NU…

တစ်နေ့တာသတင်းအစီအစဉ်များကို နေ့စဉ် ည၈ နာရီခွဲအချိန်တိုင်းမှာ CRPH, NUG, Radio NUG, PVTV လူမှုကွန်ယက်စာမျက်နှာတွေကနေ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

Like – 1.9K Share – 24

Public Voice Television Facebook

Add your reaction

  1. မကွေးတွင် စစ်ကောင်စီ ထောက်ခံသူရာခိုင်နှုန်း ကောက်ယူရန် ညွှန်ကြားထား
    ===================
    နောင်နောင်/မဇ္ဈိမ

    မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) နှင့် စစ်ကောင်စီတပ်တို့အနက် မည်သည့်အဖွဲ့အစည်းကို ထောက်ခံကြောင်း ရပ်ကွက်၊ ကျေးရွာများအလိုက် လူထုထောက်ခံမှုရာခိုင်နှုန်းကို ကောက်ယူရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူ ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

    “မကွေးမြို့နယ် ထွေအုပ်ကနေ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့်တွေကို ထောက်ခံမှု နှုန်းထားကောက်ယူဖို့ ညွှန်ကြားထားတဲ့စာပါ” ဟု မဇ္ဈိမ သတင်းရင်းမြစ်က ပြောသည်။

    အဆိုပါ ကောက်ခံရရှိသည့် ထောက်ခံမှု ရာခိုင်နှုန်းကို ယနေ့ စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အရောက်ပြန်လည်တင်ပြရမည်ဟု မြို့နယ်ထွေအုပ်က ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    မကွေးမြို့ သရက်ဒေသခံတစ်ဦးက ထိုထောက်ခံမှု ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးများက လာရောက်ကောက်ယူခြင်း မရှိသေးကြောင်း မဇ္ဈိမကို ပြောသည်။

    “ရပ်ကွက်မှာတော့ လာကောက်တာ မရှိသေးဘူး။ ဒီလိုအချိန်မှာ အခုလိုညွန်ကြားတော့ သူတို့လည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေတာနဲ့တူတယ်။ သူတို့ကလည်း ကိုယ်တိုင်ဖြည့်ပေးလိုက်ရင် စစ်တပ်က ဒါကြီးကိုင်ပြီး စကားပြောမှာဆိုတော့” ဟု သရက်မြို့ခံတစ်ဦးက ဆိုသည်။

    အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေ သော်လည်း အာဏာသိမ်းပြီး ခုနှစ်လကျော် ကြာမြင့်လာချိန်အထိ အုပ်ချုပ်ရေးယန္တရားတစ်စုံတစ်ခုကိုမျှ ထိရောက်အောင် မလည်ပတ်နိုင်သေးဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများလည်း ဆက်ရှိနေဆဲဖြစ်သည်။

    ဓာတ်ပုံ- (မဇ္ဈိမက လက်ခံရရှိသော ထောက်ခံမှု ရာခိုင်နှုန်းပြဇယား)
    ========================
    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
    https://bit.ly/2VhJ12U

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.