“တကယ်တမ်း ဒီမိုကရေစီနိုင်ငံမှာသာပြုစုပျိုးထောင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့လူငယ်တွေဟာ အများကြီး ဖြစ်ထွန်းအောင်မြင်နိုင်ဖို့ရှိတယ်” – ဒေါက်တာ ဖြိုးသီဟ
🌟 “ဂျင်းခေတ်ပေါ့နော်.. ကျွန်တော် အဲ့ဒါကို ခုနောက်ပိုင်းမှာ သွားသတိရတယ်” – တေးရေး လင်းလင်း
🌟 “ဒါဟာတရားတယ်၊ ဒါဟာမတရားဘူး၊ ဒါတော့ငါ ပြောရဲရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ပါခဲ့တာပါ” – မခင်နှင်းကြည်သာ
🌟 “ဒီတစ်ချိန်ခါမှ ညီမတို့မတော်လှန်နိုင်ဘူးဆိုရင် ဒီစစ်အာဏာရူးကို ဘယ်တော့မှ ပြန်တော်လှန်နိုင်မှာမဟုတ်ဘူး။ ဒါ နောက်ဆုံးတိုက်ပွဲဆိုတာ ညီမတို့သိတယ်” – မမေဇင်မွန်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန နှင့် Official Fundraising Program – OFP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်သူ့တော်လှန်ရေးမိသားစု People’s Revolution Family – PRF အစီအစဥ်ရဲ့တစ်လပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ PRF ဝိုင်းတော်သားများမှ ဆွေးနွေး တင်ဆက်ခဲ့သော “မိသားစုစကားဝိုင်း” အစီအစဥ်မှ ကောက်နှုတ်တင်ပြချက်များဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅နှစ်မြောက်နေ့မှာပြုလုပ်မယ့် ပြည်သူ့တော်လှန်ရေးမိသားစုစကားဝိုင်းမှာရော ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြမလည်းဆိုတာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦး။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
#PVTVMyanmar
#အရေးတော်ပုံအောင်ရမည်
#PeoplesRevolutionFamily
#OFPFundraisers
#FRCampaigns
#prf4pdf
#PrfFamilyChat