ဇွန် ၃၀ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================
⚠️ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး၊ မွေးမြူရေးဇုန်အနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း သ တင်းရရှိပါတယ်။ ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးကြောင်း ကော့ကရိတ်သတင်းရင်းမြစ်ထံမှ သိရှိရတာပါ။
⚠️ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် ငွေတောင်းခံနေသော ကျွန်းပင်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ဒီပဲယင်းမြို့ကျွန်းပင်ဂိတ်တွင်လူထုထံမှ ငွေတောင်း ဓားပြ တိုက်နေသော စစ်ကောင်စီတပ်ကို DRPA – FRF – မိုးဦး တို့ပူးပေါင်း၍ ဒရုန်းဖြင့် M9(အီနာဂါ)တစ်လုံး ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံးပြီး စစ်သား ၄ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း DRPA သတင်းနှင့်ပြန်ကြားရေးက ပြောဆိုပါတယ်။
⚠️ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသ ၊ဥကရစ်ထတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဇွန်လ၂၉ ရက်နေ့ ညက ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း မြေပြင်သတင်းများအရ သိရပါတယ်။စစ်ကောင်စီ၏ ခြေကုပ်စခန်းဖြစ်သည့် ဥကရစ်ထ စစ်စခန်းကုန်းကို KNU ပူးပေါင်းတပ်မှ စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်သော KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းနှင့် Cobra(KNLA)ပူးပါင်းတပ်ဖွဲ့တို့က ဇွန်လ၂၆ရက် နေ့တွင် တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီက ဝေါလေဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေသည့်အပြင် လေကြောင်းပစ်ကူများပါ ပစ်ခတ်နေကြောင်း သိရတာပါ။ ဥကရစ်ထ တိုက်ပွဲဟာ ယနေ့ ဇွန်လ ၃၀ ရက်တွင် ငါးရက်မြောက်ရှိပြီကာ နှစ်ဖက်အထိအခိုက် အကျဆုံးများစွာ ရှိနေကြောင်း သိရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၃၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၂၉.၆. ၂၀၂၂) ဗုဒ္ဓဟူးနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။