ဇွန် ၂၈ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇွန် ၂၈ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================

⚠️ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရပါတယ်။ ဇွန်လ ၂၄ ရက်နေ့တွင် ကဇိရွာမှ ကျောက်ဖြူရွာကို စစ်သား အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကျောက်ဖြူရွာအနီး၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရတာပါ။ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးနှင့် စပါးကျီ ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စော်ဖျားရွာသို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရတာပါ။ အကြမ်းဖက် စစ်တပ် စစ်ကြောင်း စော်ဖျားရွာသို့ ပြန်လည် ဆုတ်ခွာလာစဥ် လမ်းခရီးတစ်လျှောက် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကထီးဝရွာနှင့် စော်ဖျားရွာအကြားနှင့် မိုးရွှေကုန်းရွာနားတို့တွင် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး ထပ်မံသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

⚠️ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် ပန်ကိုင် ရွာကြားတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင် ကုန်း တစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်သားများကို PDFကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ် ရေး တပ်ဖွဲ့PSDA ထံမှ သိရပါတယ်။အကြမ်းဖက် စစ်တပ် ခမရ ၄၁၇မှ ကင်းပုန်းဝပ်နေသော စစ်သားများကို ပြည် သူ့ လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁၁၁နှင့် တပ်ရင်း ၂၂၂ မှ ရဲဘော် များက ဝင်ရောက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ အများ အပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

⚠️ စစ်ကိုင်းတိုင်း မြင်းမူမြို့ မှထွက်လာသော စစ်တပ် အရာရှိ ပါဝင် သည့် စစ်ကား ယာဥ်တန်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် တွင် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာအကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်တပ် အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း Myaung People’s Defense Force(T.G.R) တပ်ဖွဲ့ထံမှ သိရပါတယ်။ မန္တလေး-မုံရွာ လမ်းပိုင်းတွင် မုံရွာသို့ မောင်းနှင်လာသည့် စစ်ကား ပွိုင့်ကား ၃ စီးနှင့် ပါရာဒို ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ငါးယှဥ်ရွာနှင့် ချောင်း ဦး ကြားတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myaung People’s Defense Force(T.G.R) တပ်ဖွဲ့ထံမှ သိရတာပါ။ အဆိုပါ ယာဥ်တန်းကို Myaung People’s Defense Force(T.G.R) တပ်ဖွဲ့နှင့် Chaung U Local Defense Force (CHU LDF) တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၂၈ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
==============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၂၇.၆. ၂၀၂၂) တနင်္လာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၅၅ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.