ဇွန် ၂၇ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==============================
⚠️ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မြင်းမူတိုးဂိတ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကြောင်းZEROပြော က်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။ ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်ညီနောင် ZERO POWER တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း) ဦးဆောင်၍ Zarmani revolution force ၊ GTR MMU နှင့်အတူ မြင်းမူတိုးဂိတ်တွင်စစ်ဆေးရေးပြုလုပ်နေသော
စစ်သားများကို ဒရုန်း Drone ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာတွင်သေဆုံးပြီး၉ ဦး စိုးရိမ်ရဒါဏ်ရာရရှိကြောင်းမျက်မြင်များကိုကိုးကား၍ ZERO ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားတာပါ။
⚠️ မန္တလေးတိုင်း၊ ပြင်ဦးလွင်မှ ဆင်းလာသော စစ်ကား ၈ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း ဒေသတင်းရင်းမြစ်နှင့် ပြောက်ကျားတပ်ဖွဲ့များထံမှ သိရှိရပါတယ်။ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ အမိနစ်အချိန် ပြင်ဦးလွင်မှ ဆင်းလာသော စစ်ကား ၈ စီးသည် ပြင်ဦးလွင်လမ်း၊ သမ္မတောနှင့် သန့်ဇင်ကုန်းအကြား တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။ အဆိုပါ မိုင်းဆွဲမှုကို DRM Rangers Mandalay အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ပြင်ဦးလွင်-မန္တလေး လမ်းဘေးရှိ ပြည်သူများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။
⚠️ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ငဗြက်အင်းကျေးရွာနှင့် အင်းနက်ကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှာ ဗိုလ်ကြီးအဆင့် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ စစ်ကောင်စီခန့် နတ်သံကွင်း အုပ်ကြီး သန်းလွင်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်းနက်ကျေးရွာအုပ်စုအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU က ဆိုပါတယ်။
⚠️ အလားတူ ညနေ ၅ နာရီခန့်တွင် မုန်းမြို့နယ်၊ နောင်ကုန်းကျေးရွာအရှေ့ဘက်တွင် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ စစ်တပ်က ရန်မျိုးအောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း အဆိုပါ ရန်မျိုးအောင်ကျေးရွာမှာ ယခင် ညောင်လေးပင်ခရိုင်အတွင်း ဖြတ်လေးဖြတ်ကာလတွင် စစ်တပ်မှ ဘေးပတ်ဝန်းကျင်ရွာများအား အတင်းအဓမ္မ ပြောင်းရွေ့စုစည်းနေထိုင်စေခဲ့သည့် ကျေးရွာလည်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံမှ သိရှိရပါတယ်။ ဇွန်လ ၂၆ ရက် နံနက် ၇ နာရီတွင် ကျောက်ကြီးမြို့နယ် နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားတွင် စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က အင်းနက်ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြည့်နှင့် စစ်ကား(၅)စီးကို ညောင်ဝိုင်းကျေးရွာတွင် အင်အားဖြည့်တင်းထားသလို လက်နက်အပြည့်အစုံနှင့် လူအင်အားအပြည့်ဖြင့် စစ်ကား ၆ စီးသည် ငဗြက်အင်းကျေးရွာသို့ အင်အားဖြည့်တင်းထားကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ၂၀၂၂ ခု ဇွန်လ၂၇ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၂၆.၆. ၂၀၂၂) စနေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၀ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။