ဇွန် ၂၆ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇွန် ၂၆ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================

⚠️ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲသို့ PDF ပူးပေါင်းအဖွဲ့တစ်ခုက လက်နက်ကြီး ၁၀ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon Special Task Force က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကနောင် People Defense Force နှင့်Black Dragon Special Task Force ပူးပေါင်းပြီး မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲသို့ အဖွဲ့ ၃ ဖွဲ့ခွဲကာ ၆၀ မမ လက်နက် ကြီး ၅ လုံး၊ ၉၀ မမ လက်နက်ကြီး ၃ လုံး၊ ၁၂၀ မမ လ က်နက်ကြီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်သားများဘက်မှ အသေအပျောက်များနိုင်ပြီး အထိအခိုက်အများအပြားရှိကြောင်း သိရှိရပါတယ်။

⚠️ ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဥကရစ်ထ စစ်ကောင်စီစခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ Venom စစ်ကြောင်းက ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်နေပြီး နေ့လယ် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ကြောင်း Venom စစ်ကြောင်း သတင်းပြန်ကြား ရေးထံမှ သိရှိရပါတယ်။ စစ်ကောင်စီ၏ ဥကရစ်ထ ခြေကုတ်စခန်းကို တိုက်ခိုက်စဉ် Venom စစ်ကြောင်းဘက်မှ အနည်းဆုံး ရဲဘော် ၅ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရထားကြောင်း သိရှိရပါတယ်။ ဝေါလေရဲစခန်းကို သိမ်းပိုက်ခဲ့သော KNDO အထူးကွန်မန်ဒိုတပ်ရင်းမှ စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်သော Venom စစ်ကြောင်းက ဥကရစ်ထ စစ်ကောင်စီ ခြေကုတ်စခန်းကို ယနေ့ ဝင်ရောက်တိုက်ခိုက်နေခြင်းပါ။

⚠️ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ မံထုံ ၊ တောင်ကြီးဘက်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KIA၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း နယ်မြေခံ သတင်းရင်း မြစ်များထံမှ သိရပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ပါဝင်ပြီး KIA နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက နှစ်ဖက်ညှပ်ကာ ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲမှာ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း သိရတာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်မှ ညပိုင်းအချိန်တွင် လက်နက်ကြီးများဖြင့် ရမ်း သမ်း ပစ်ခတ်ခဲ့ပြီး သေဆုံး စစ်သား အလောင်းများကို စစ်တပ်က ဒေသခံ ပြည်သူတချို့ကို ခေါ်ဆောင်ပြီး သင်္ဂြိုလ် လိုက်ကြောင်း သိရပါတယ်။

⚠️ ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ​ဒေါငံခါး​ကျေး ရွာ ရှိ စစ်တပ် တပ်စခန်းကို ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များနှင့် PDF ပူးပေါင်း တပ်များက ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဝင် ရောက် တိုက် ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် မသိ ရသေးကြောင်း DMO Local PDF တပ်ဖွဲ့ထံမှ သိရပါတယ်။ ထို့ပြင် ဒီး​မော့ဆိုမြို့နယ်၊ ကုန်း​သာကျေးရွာနှင့်​ သေးဆူလဲ​ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပူး​ပေါင်း တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီမော့ဆိုမြို့နယ် မြို့မ ရဲစခန်းတွင် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၂၆ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=========================================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၂၅.၆. ၂၀၂၂) စနေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၉ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.