ဇူလိုင် ၉ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
================================
⚠️ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲစခန်းချရာနေရာကို ဒေသကာကွယ်ရေးပြောက်ကျားအဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သလို လ က်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Royal Tiger Guerrilla Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်တပ်နှင့် ပျူစောထီး တပ်စွဲထားသည့် ဘန်ကာများအတွင်းသို့ ဒရုန်းဖြင့် ထိထိမိမိဗုံးကျဲနိုင်ခဲ့သဖြင့် အထိအခိုက်ရှိနိုင်ကြောင်း သိရှိရပါတယ်။ ယင်းနောက် နမခမှ ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ပွဲဖြစ်ရာနေရာသို့ လာရောက်ပျံဝဲသဖြင့် ကာ ကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့ထံမှ သိရှိရပါတယ်။
⚠️ စစ်ကိုင်းမှ မြင်းမူသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကား ၉ စီးပါ ယာဉ်တန်းကို ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းတွင် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းမူ PDF (MMUPDF) တပ်ဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ စစ်ကား ၉ စီးပါယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပျော့ရွာနှင့် နဘဲကြူးဇရပ်ကြားတွင် တစ်ကြိမ်၊ မြင်းမူနှင့် ထီးဆောင်းကြားတွင် တစ်ကြိမ် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ စီးထိမှန်ကာ ၁ စီးမှာပျက်စီးခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရတာပါ။
⚠️ စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းမှ စ တင်ကာ စစ်တပ် ကင်းပုန်းများ အကြိမ်ကြိမ် မိုင်းဆွဲ တို က်ခိုက်ခဲရပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု မြောင်မြို့နယ် တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရပါတယ်။နံနက် ၆ နာရီ ၃၀ မိနစ်တွင် မုံရွာ-မန္တလေး လမ်းမကြီး အတိုင်း ချောင်းဦးမြို့မှ မြင်းမူမြို့သို့ ထွက်ခွာလာသော စစ်သား ၃၀ ခန့် တင်ဆောင်လာသည့် Canter ကား ၂ စီး၊ ခွေး ဘီလူး ကား ၁ စီးဖြင့် ကင်းပုန်းများ လိုက်ချခဲ့ပြီး စစ်ကိုင်း မှ မုံရွာသို့ လာသော စစ်တပ် ယာဉ်တန်းကို လုံခြုံရေးပေးရန် လုပ်ဆောင်ခဲ့ကြောင်း သိရတာပါ။ ယင်း ကင်းပုန်းချထားခဲ့သော စစ်သားများသည် မြင်းမူမြို့နယ် အစပ်တွင် ကားပေါ်မှဆင်းပြီး လမ်းမကြီး အတိုင်း လမ်းလျှောက်လာစဉ် MRA တပ်ဖွဲ့က ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်ရှိနေသော စစ်သားများက လက်န က်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကင်းပုန်းပြန်ဝပ်ခဲ့ပါတယ်။ အဆိုပါ စစ်သားများ ကင်းပုန်းဝပ်သော နေရာသည် MRA တပ်ဖွဲ့ မှ မိုင်းများ မြုပ်ထားသောနေရာ ဖြစ်နေပြီး MRA တပ်ဖွဲ့မှ ဆက်လက် မိုင်းဆွဲ တိုက်ခိုက် ခဲ့သောကြောင့် စစ်သားများ တပ်ပျက်ပြီး ဝရုန်းသုန်းကား ထွက်ပြေးစဉ် အနီးရှိ တံတားပေါ်သို့ ပြေးတက်သွားပြီး တံတားဘေးတွင်လည်း MRA တပ်ဖွဲ့မှ မှ မိုင်းများ မြုပ်နှံထားသည့် အတွက် ထပ်မံ မိုင်းဆွဲခဲ့သောကြောင့် စကစတပ်သားအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကျန်ရှိနေသော စစ်သားများသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ယူကလစ်ပင်များ အကြားတွင် နေရာပြောင်း၍ ကင်းပုန်းဝပ်ရန် လာရောက်စဉ် MRA တပ်ဖွဲ့မှ မိုင်းများအရန်သင့် မြုပ်နှံထားသည့် အတွက် ဆက်လက်၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်တပ် ကင်းပုန်းများ အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဂွေးပင်တောကျေးရွာအနီး ကင်းပုန်ဝပ်နေသော စစ်သားများကို ထပ်မံ အင်အားဖြည့်တင်းရန်အတွက် Light Truck ကား ၁ စီးဖြင့် ထွက်ခွာလာစဉ် ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်းကာ ပဒေသသာမိုင်းများဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက် ခဲ့သောကြောင့် စစ်သား ၁၀ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၉ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၈.၇. ၂၀၂၂) သောကြာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၂၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။