ဇူလိုင် ၇ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု

ဇူလိုင် ၇ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
===============================

⚠️ နိုင်ငံတစ်ဝန်းရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ခိုးယူ လုယက် မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်ကို ခုခံ တိုက်ခိုက်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် PDF ကွန်မန်ဒိုတပ်ဖွဲ့မှ စစ်ရေး လေ့ကျင့်နေမှု ပြုလုပ်နေသောဓာတ်ပုံများကို ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ အထူး ကွန်မန်ဒို တပ်ဖွဲ့သည် ပြည်သူပိုင် နေအိမ်များ မီးရှို့ပြီး ပြည် သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်နေသည့် အကြမ်းဖက် စစ်တပ်ကို ခုခံကာကွယ် ရန်နှင့် စစ်​တပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

⚠️ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မကျီးကုန်း ကျောက်မဆင်တောင်ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF ကြား ဇူလိုင်လ ၅ ရက် နံနက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း MVRF က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ပေါက်မြု့နယ်၊ သရက်ကန်စခန်းမှ ဇူလိုင်လ ၄ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အဖွဲ့ဖြစ်ပြီး ဇူလိုင်လ ၅ ရက် နံနက် ၇ နာရီ ၂၈ မိနစ်တွင် MVRF နှင့် ၁ နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းပါ။ တိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ MVRF က ပြန်လည် ဆုတ်ခွာခဲ့ကြောင်းနှင့် ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရှိရပါတယ်။

⚠️ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိပါတယ်။ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့သာ ပြန်လည်ဆုတ်ခွာသွားကြောင်း မြေလတ် PDF မြင်းခြံခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁၊ ၂၊ ၃၊ နွားထိုးကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မြောင် Special People Defense Force၊ ကျေးရွာတပ်ပေါင်းစု (မြောင်)၊ ရေလည်ကျွန်း Phoenix မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၇ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
==============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၆.၇. ၂၀၂၂) ဗုဒ္ဓဟူးတွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.