ဇူလိုင် ၅ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
================================
⚠️ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကြား မေလနှင့် ဇွန်လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၆ ဦး သေဆုံးကာ CNDF ဘက်မှ ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း သိရှိရပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၇ ကြိမ်၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်း ကားလမ်းပေါ်တွင် ၄ ကြိမ် ဖြစ်ပွါးခဲ့ခြင်းပါ။ တိုက်ပွဲများတွင် စစ်သား ၆၆ ဦး သေဆုံးခဲပြီး အများအပြား ဒဏ်ရာရသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ CNDF ရဲဘော် ၂ ဦးမှ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၁ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း သိရှိရပါတယ်။
⚠️ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၄ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အဆိုပါ ကားကို ထိမှန်သွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရနိုင်ကြောင်း မိုးညိုတော်လှန်ရေးအင်အားစု MNRF က သတင်းထုတ်ပြန်ပါတယ်။
⚠️ အလားတူမန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပန်းသလဲတောင်နှင့် ကျောက်ဆည်လေးကျေး ရွာ၊ ထုံးဘိုတောတိုက်ကြားတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် နတ်ဆိုး (မြေအောက်တော်လှန်ရေးအဖွဲ့)က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သိရှိရပါတယ်။
⚠️ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ KNU မွေးမြူရေးဇုန်အနီး ဂိတ်စခန်းချ တပ်စွဲကာ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၅ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
======================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၄.၇. ၂၀၂၂) တနင်္လာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၃၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။