ဇူလိုင် ၄ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================
⚠️ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာတွင် တပ်အပြောင်း အလဲအတွက် နှု တ်ဆက်ပွဲ ပြုလုပ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဒရုန်းဖြင့် ဗုံးကျဲခံရပြီး ၄ ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ရန္တပိုကျေးရွာတွင် တပ်အပြောင်းအလဲ နှုတ်ဆက်ပွဲ ပြုလုပ်ပြီး ထိုနှုတ်ဆက်ပွဲမှ ကိုင်းကျေးရွာသို့ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ၆ ဦး စက်လှေပေါ်မှ ဆင်းမည်အပြု ဒရုန်းဖြင့် ဗုံးကျဲချရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာများဖြင့် ထွက်ပြေးရင်း လဲကျသေဆုံးကြောင်း သိရှိရပါတယ်။
⚠️ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ ခြေကုတ်စခန်းသို့ ဝေါလေဗျူဟာကုန်းမှတဆင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် စစ်ကောင်စီစစ်ကြောင်းသည် KNLA၊ KNDO ၏ တိုက်ခိုက်ခြင်းခံရပြီး ၂၀ ကျော်သေဆုံးကာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထင်လင်းအောင်က အရင်ဦးဆုံး ထွက်ပြေးသွားသူဖြစ်ကြောင်း အလားတူ ထွက်ပြေးလာသည့် တပ်ကြပ်ကြီး ဖုန်းဟိန်းက ဝန်ခံထွက်ဆိုပါတယ်။ KNLA၊ KNDO က တိုက်ခိုက်သဖြင့် တပ်မ ၄၄၊ ခမရ ၃ မှ ၅၆ ဦးနှင့် စကခ ၁၃ မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး ပါဝင်သော ၆၆ ဦးပါ စစ်ကြောင်းတွင် ၂၀ ဦး ဝန်းကျင်သေဆုံးခဲ့ပြီး ယင်းတပ်ကြပ်ကြီးမှာလည်း ကျောကုန်းတွင် ၄၀ မမ ကျည်စဆင်ကာ ဒဏ်ရာရရှိပြီး ထွက်ပြေးလာစဉ် KNLA ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး Cobra စစ်ကြောင်းမှ ဗိုလ်ဒါဘော့က မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဥကရစ်ထစခန်းအတွက် လက်နက်ခဲယမ်းများ ပို့ရန် စစ်သား ၈၀ ဦးကို ရဟတ်ယာဉ် ၄ စီးဖြင့် ဝေါလေဗျူဟာကုန်းတွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဥကရစ်ထတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများသလို လေကြောင်းပစ်ကူများ လက်နက်ကြီးပစ်ကူများ တရစပ် ပစ်ခတ်ခြင်းကြောင့် KNLA၊ KNDO ဘက်မှ ကျဆုံးသူ ၃၀ ဝန်းကျင် ရှိကြောင်း သတင်းရရှိပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၄ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
=============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၃.၇. ၂၀၂၂) စနေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။