ဇူလိုင် ၃ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၃ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================

⚠️ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းဦး၊ ငါးယှန်ရွာအကြားနှင့် ချောင်းဦး-မန္တလေး လမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး မဟာမိတ် ၁၂ ဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ဒရုန်းဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် ဇူလိုင်လ ၁ ရက်နေ့၌ တပ်စွဲပြီး ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ချောင်းဦးနှင့် ငါးယှန်ရွာအကြား ထန်းတောတဲ အပင်အောက်တွင် ဝိုင်းဖွဲ့ထိုင်နေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

⚠️ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြေဖွေးတောင် အနီး ပြည်သူပိုင် နေအိမ် ၂ လုံးကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ချိုမိုင်မိုင် ယင်းမာပင် ကနီမဟာမိတ် တပ်ပေါင်းစုတပ်ဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘန့်ဘွေးရွာရှိ ပျူစောထီးများနှင့် စစ်တပ်များကို ထောက်ပို့ လာသော ကားအား လုံခြုံရေးအဖြစ် လမ်းဘေး ကင်းလာရောက်စဉ် မြေဖွေးတောင်အနီးရှိ ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ပြီး ၎င်းတို့ အလိုရှိသော ပစ္စည်းများအား ပြည်သူပိုင် ထော်လာဂျီဖြင့် သယ်ယူလာစဉ် ချိုမိုင်မိုင် ယင်းမာပင် ကနီမဟာမိတ် တပ်ပေါင်းစုနှင့် Yinmabin Local People Defence Force၊ Chindwin GaloneYarzar Guerrilia Defence Force၊ Alpha Special Force၊ Monywa True Of Force (MTOF) တို့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးပါဘူး။

⚠️ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်တပ်၊ လ က်ပါးစေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများကြား ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၉၄ ဦးသေဆုံးကာာ ၅၅ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးမှုစာရင်းအတည်ပြုချက်တွင် ဗိုလ် ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာစာရင်းတွင်ဗိုလ်ကြီး(ဒု-ခွဲမှူး) (၂)ဉီးပါဝင်သည်ဟု အတည်ပြုသိရှိရကြောင်း KNU တပ်မဟာ ၅ က ဆိုပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ထောက်ပို့မော်တော်ယာဉ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့သလို ရိက္ခာတင် မြင်း၊ လား ၁၃ ကောင် သေဆုံးကြောင်း သိရှိရပါတယ်။ ၁ လတာ တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ ဘက်မှ ၁ ဦးကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်တပ်၏ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရရှိကြောင်း KNU တပ်မဟာ ၅ က ဇွန်လ လချုပ်တိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

⚠️ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက်တည်းတိုက် ခိုက် သိမ်းယူဟု KNU က ကြေ ညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်း လောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ၊တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထိုစစ်တပ် စခန်းများသည် အများပြည်သူကို ဟန့်တားနှောင့်ယှက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်ကြောင်း၊ အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့စစ် (၄)ဉီးသေဆုံးကြောင်း၊ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြကြောင်း သိရှိရပါတယ်။ စစ်တပ်စခန်းများကို အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမူ နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူ လိုင်လ ၃ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၂.၇. ၂၀၂၂) စနေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၉ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.