ဇူလိုင် ၂၁ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
================================
⚠️ ကရင် ပြည်နယ်၊ သံတောင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်နေ့မှ ဇူလိုင် ၁၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ် ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါ အဝင် အရာရှိ ၄ ဦး စုစုပေါင်း ၂၅ ဦးသေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ သံတောင်မြို့နယ် မင်းလမ်းအုပ်စု မိအိကြီး ရွာသစ်ကုန်း စုစည်း ကျေးရွာများအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၂ နာရီခန့်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ် နေ့လုံး၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၇ နာရီအထိ ၊ ဇူလိုင် ၁၈ ရက်နေ့ ၁ နာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပါတယ်။ ၄ ရ က်ဆက်တိုက် တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး ၊ တပ်ခွဲမှူး အရာရှိ ၄ ဦး အပါအဝင် အနည်းဆုံး ၂၅ ဦး ထက်မနည်း သေဆုံးပြီး စစ်သားအများအပြား ဒဏ်ရာရကြောင်း သိရှိရတာပါ။ သံတောင်မြို့နယ်တွင် ၄ ရက် ဆက်တိုက် တိုက်ပွဲတွင် သံတောင်မြောက် ( အထူးဒေသ) အဖွဲ့ တစ်ခုတည်းကသာ တိုက် ပွဲဝင်ခြင်းဖြစ်ကြောင်းသိရပါတယ်။
⚠️ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသော မှန်လုံကား ၁ စီးကို ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်တွင် နွားထိုးကြီး PDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး လိုက်ပါလာသော မှန်လုံကားသည် နွားထိုးကြီးဘက်မှ ဝက်လူးကျေးရွာဘက်သို့ ထွက်ခွာလာစဉ် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခံရကာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းပါ။ အဆိုပါ မိုင်းကွဲမှုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသော ပြည်သူများက စစ်သား ၃ ဦးသေဆုံးသည်ဟု ပြောဆိုကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
⚠️ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက် တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၂၀ ခန့်နှင့် စစ်ကား ၁ စီး ပါသည့် တပ်ဖွဲ့ကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် ချောင်းဦး PDF တပ်ခွဲ ၁ နှင့် တပ်ခွဲ ၄ က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး စစ်ကားမှာ ပျက်စီးသွားခဲ့ပြီး ကရိန်းကားဖြင့် ဆွဲယူသွားကြောင်း ဒဏ်ရာရစစ်သားများကို လူနာတင်ယာဉ် ၂ စီးဖြင့် လာရောက်သယ်ယူသွားကြောင်း သိရှိရပါတယ်။ ဇူလိုင်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် အောင်ချမ်းသာဇရပ်ပေါ်၌ စစ်သား ၆ ဦး အနားယူနေစဉ် ချောင်းဦး PDF တပ်ခွဲ ၄ က မိုင်းခွဲတိုက်ခိုက်ရာ ၆ ဦးစလုံး သေတုံးခဲ့ပြီး အနီးဝန်းကျင်ရှိ စစ်သား ၁၀ ဦးခန့်က အဆိုပါ အလောင်းများထံမှ လက်နက်များ လာရောက်ကောက်ယူစဉ် ထပ်မံမိုင်းခွဲခံရမှုကြောင့် စစ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ထုတ်ပြန်ထားပါတယ်။
⚠️ အလားတူ စစ်ကိုင်းမြို့မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ကား ၁၄ စီးကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် တပ်ခွဲ ၄ က ထပ်မံ မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို မသိရှိရသေးကြောင်း၊ အနီးဝန်းကျင်တွင် သွေးကွက်များနှင့် ကားမှန်ကွဲ အပိုင်းအစများကို တွေ့ရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၁ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၂၀.၇. ၂၀၂၂) ဗုဒ္ဓဟူးနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၉ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။