ဇူလိုင် ၂၀ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================
⚠️ ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့် ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောများနှင့် ထောက်ပို့ ဖလပ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၈ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံးကြောင်း KPDF ကျောက်လုံးကြီး က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကမ်းတလျှောက် နေရာ ၄ ခုမှ တိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းပီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
⚠️ အလားတူ မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သော KPDF အဖွဲ့၊ Chindwin GZ အဖွဲ့၊ ရွှေဒေါင်းရင်အဖွဲ့ တို့က ဇူလိုင်လ ၁၈ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိသော သင်္ဘောပေါ်မှ မျောပါလာသည့် ခဲယမ်းများအပါအဝင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်တပ်၏ ထိခိုက်ပျက်စီးသွားသော သင်္ဘောပေါ်မှ ဂါလံ ၅၀ ဆံ့ ပေပါ (၅)လုံး၊ ၆၀ မမ (၂)လုံး၊ ၅.၅၆ ကျည် ၂၈၀ တောင့်၊ ၆၀ မမ နောက်ရိုက်ဒန်ကတ်သီး(၁၀)လုံး၊ ( 76th Anniversary Fire-Services Department) စာတန်းပါသော မိုးကာအင်္ကျီ အထည် ၁၅၀ ခန့်၊ တပ်မ ၅၅ တံဆိပ်ပါ စစ်အင်္ကျီများ၊ စစ်ဖိနပ်များ၊ စားသုံးဆီ (၃)ပုံး၊စစ်သုံး ကျောပိုးခြင်းကျားများ၊စစ်တပ်ထုတ် ရွှေဖီဦးလ္ဘက်ရည်ထုတ်များ၊တပ်မတော်သားများအတွက်သာ စာတန်းပါဝင်သော ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများ နှင့် အခြား စစ်ခွေးအသုံးဆောင်ပစ္စည်းအများအပြားအား ဆယ်ယူသိမ်းဆည်း ရရှိခဲ့ကြောင်း ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
⚠️ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အနောက် မြောက်တိုင်း မဟာမိတ်PDFတပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ တွင် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရပါတယ်။
⚠️ ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ဟားခါး-ကလေး ကားလမ်းတလျှောက် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား ဇွန်လ ၇ ရက်မှ ၁၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့တွင် မတူပီမြို့နယ်၊ Amlaik ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် CNA၊ CDF မတူပီ၊ CDF Zotung ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့တွင် CDF မတူပီနှင့် စစ်ကောင်စီတပ်ဖွဲ့ကြား Rengkhen နှင့် Amlaik ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဟားခါးမြို့တွင်းရှိ စစ်ကောင်စီဂိတ်နှင့် ခရိုင်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အကျအဆုံးများနိုင်သည်ဟု ခန့်မှန်းကြောင်း CNF က ဆိုပါတယ်။ ဇူလိုင်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကလေး-ဟားခါး ကားလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၈ ကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးကြောင်း၊ တိုက်ခိုက်မှုကို CNA၊ CJDC အထူးတပ်ဖွဲ့၊ CDF ထန်တလန်၊ CDF ဟားခါး၊ CNDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
အကြမ်းဖက်စစ်တပ်သည် ကလေးမြို့မှတဆင့် ဖလမ်း-ဟားခါး ကားလမ်းအတိုင်း စစ်ကား ၂၇ စီး၊ ခန့်မှန်းအင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ဗလုံကျေးရွာရှိ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် Taal ကျေးရွာမှ နေအိမ် ၂၉ လုံး၊ Tlangzar ကျေးရွာမှ နေအိမ် ၆ လုံး၊ Chuncung ကျေးရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA က သတင်းထုတ်ပြန်ပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ၂၀ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
=======================================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၉.၇. ၂၀၂၂) အင်္ဂါနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၅၈ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။