ဇူလိုင် ၁၉ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================
⚠️ ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီတပ်ကို AA က ယနေ့တိုက်ခိုက်ရာ ရဲမှူး ၁ ဦး လက်နက်ချအညံ့ခံမှု အပါအဝင် ၁၄ ဦး ဖမ်းမိကြောင်း၊ လက်နက် ၂၆ လက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Arakan Princess Media ၏ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ်ရှိ AA စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက တရား ဝင် ထုတ်ဖော်ပြောဆိုထားတာပါ။ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင် ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်)ရွာ အကြားတွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနန့် ဝက်ကျိန်းရွာ အ ကြားတွင် တစ်ကြိမ် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်ကို AA က တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွင် လက်နက် ချအညံ့ခံသော ရဲမှူး အပါအဝင် စစ်သုံ့ပန်း စုစုပေါင်း ၁၄ ဦး ၊ ပစ္စတို ၂ လက်၊လက်နက်ငယ် ၂၄ လက် အပါအဝင် လက်နက် ခဲယမ်းအများ အပြား၊စစ် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်း ရမိထားသည်ဟု သိရှိရပါတယ်။
⚠️ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော် ဝန်းကျင်ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ဆော-ဆိပ်ဖြူ လမ်းပိုင်း မိုင်တိုင် ၄၄ အရောက်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း LSRPDF (YRPA) တပ်ဖွဲ့ထံမှ သိရပါတယ်။ စစ်တပ် စစ်ကြောင်းကို LSRPDF တပ်ဖွဲ့က ဆော-ဆိပ်ဖြူ လမ်းပိုင်း မိုင်တိုင် ၄၄ တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် မိုင်း ၄ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
⚠️ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့နှင့် ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၈ ရက်နေ့တွင် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။မနက် (၉)နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စည်ကား(၁)ရပ်ကွက် နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၉ရက်စွဲ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
=====================================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၈.၇. ၂၀၂၂) တနင်္လာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၇ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။