ဇူလိုင် ၁၈ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==================================
⚠စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ကုန်းခါတွန်ရွာကို ဇူလိုင် ၁၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ပြည်သူများနေအိမ်ကို ဝင်ရောက် မီးရှို့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ပိတ်ဆို့ တိုက်ခိုက်ရာ အနည်းဆုံး ၆ ဦးခန့် သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရှိရပါတယ်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ ၆ ဦးခန့်ထိပြီး အတိ အကျမသိရှိရသေးကြောင်း၊ တိုက်ပွဲကို မော်လိုက်ခရိုင် တပ် ရင်း ၁၊ ၂ နှင့် ပကဖ ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ထို့ပြင် ဇူလိုင် ၁၆ ရက်ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပျောက်ကြားစစ်ဆင်ရေးအဖြစ် ပန်းသာရွာနှင့် ဝဲဒေါင့်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်များသို့ သွားရောက်ပစ်ခတ်ရာ ဗိုလ်အောင်မျိုးထက် ဆိုသည့် အရာရှိတစ်ဦး ထိမှန်သေဆုံးသွားပြီး ညတွင်းချင်းသယ်ကာ မီးရှို့သင်္ဂြိုဟ်သည်ဟု သိရှိရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရှိရပါတယ်။
⚠ မကွေးတိုင်း ပခုက္ကူမြို့နှင့် ရေစကြိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Young Force (UG) တပ်ဖွဲ့ထံမှ သိရပါတယ်။ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တပ်ပျက်ကာ ကြောက်လန့် ထွက်ပြေးကြပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြု နိုင်သေးပါဘူး။
⚠ မန္တလေးတိုင်း တံတားဦးမြို့နယ် ကျောက်နယ်လမ်းဟောင်းရှိ တံတားဦးမြို့ အ၀င် အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို မန္တလေး UG တပ်ဖွဲ့များက ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Anonymous Force MDY အဖွဲ့ ခေါင်းဆောင် ဗိုလ် Tiger က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် Kaung For You မှ တာ၀န်ရှိသူများနှင့် ဆရာ ဆရာမများကို သိက္ခာချ ဖမ်းဆီးမှုအတွက် လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် အနေဖြင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများအား ဆက်လက်ဖမ်းဆီး နှိပ်စက်မှုများ လုပ်ဆောင်လျှင် ထပ်မံ တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
⚠ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၈ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠
====================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၇.၇. ၂၀၂၂) တနင်္ဂနွေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။