ဇူလိုင် ၁၇ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================
⚠️ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင် ကျွန်းပင်ဂိတ်တွင် စခန်းချတပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး ဒဏ်ရာပြင်းထန်ကာ ကားများဖြင့် သယ်ဆောင်သွားကြောင်း အာ ဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က ပြောပါတယ်။ အဆိုပါ ဂိတ်ရှိ စစ်ကော င်စီတပ်ဖွဲ့သည် ခရီးသွားပြည်သူများကို လက်နက်ပြခြိမ်းခြောက်ကာ အဓမ္မငွေတောင်းခံနေကြောင်းနှင့် ၎င်းတပ်ဖွဲ့ကို DRPA၊ FRF နှင့် မိုးဦးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်သော်လည်း တော်လှန် ရေးအဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
⚠️ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသတွင် KIA တပ်ဖွဲ့နှင့် အကြမ်း ဖက် စစ်တပ်တို့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်က ၂၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ ဆယ်ဇင်းဒေသအတွင်း ပိတ်မိနေပြီး ထိခိုက်သေဆုံးမှု များပြားသော ကြောင့် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့်ပါ လာရောက်တိုက် ခိုက်နေကြောင်း၊ ဆယ်ဇင်းဒေသရှိ ရွှေမှော်နှင့် ရပ်ကွက်များအနီးကို လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆယ်ဇင်းရွာ ဒေသကို ဟောင်ပါးရွာဘက်မှ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကြောင်းထိုး နေခြင်းဖြစ်ပြီး KIA တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စစ်ကူရန် ဟောင်ပါးရွာဘက်မှ ထပ်မံ အင်အား ဖြည့်တင်းနေခြင်းကြောင့် ယနေ့ နံနက်ပိုင်းထိ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရတာပါ။
⚠️ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါလေခူကျေးရွာအတွင်းရှိ အများပြည်သူပိုင် နေ အိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများနှင့် အိမ်မွေး တိရစ္ဆာန်များကို ခိုးယူနေသော အကြမ်းဖက်စစ်တပ်ကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၎င်းထံမှ သေနတ် ၁ လက်ကို ရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ပါတယ်။ အများပြည်သူပိုင် ပစ္စည်းများကို ဖောက်ခွင်းခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များဖြစ်ပြီး KNDF က ဝင်ရောက်တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ကရင်နီတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း သိရှိရပါတယ်။ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဩ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း ပတ်ပတ်လည်တွင် လုံခြုံရေးယူထားသော တပ်မ ၆၆ တပ်ဖွဲ့ဝင်များသည် အနီးဝန်းကျင် ကျေးရွာများရှိ အများပြည်သူနေအိမ်များကို နေ့စဉ်ဝင်ရောက် ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများ အိမ်မွေး တိရစ္ဆာန်များကို ခိုးယူစားသောက်နေကြောင်း KNDF က သတင်းထုတ်ပြန်ပါတယ်။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၇ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
=========================================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၆.၇. ၂၀၂၂) စနေနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။