ဇူလိုင် ၁၆ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================
⚠️ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် PDF က ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ(၁၄)ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး)က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေဆုံးခဲ့ပြီး ၁၉ ဦးထွက်ပြေးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ပြည်သူ (၅၀) ဦး ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
⚠️ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို လက်နက်ကြီးများ ပစ်ခတ်ကာ လမ်းရှင်းမှုများ ပြုလုပ်ပြီးနောက် မိုင်းရှင်းလင်းရန်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ် ပကဖအဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ ကာကွယ်ရေး အဖွဲ့များနှင့် အတူ ပူးပေါင်းကာ အသင့် တပ်ဆင်ထားသော မိုင်း ၆လုံး၊ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ဦး ပြင်းထန် ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရပါတယ်။ လက်နက်ကြီးကြောင့် မြင်းဒေါင်းရွာခံ ပြည်သူငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး မဟာမိတ်အဖွဲ့များထိခိုက်မှုမရှိခဲ့ပါဘူး။
⚠️ ချင်းပြည်နယ်၊ မတူပီအခြေစိုက် ခလရ ၁၄၀ မှ ဗိုလ်မှူး သန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့တွင် CDF မတူပီက ရှင်းလင်းလိုက်ကြောင်း CDF မတူပီက ထုတ်ပြန်ပါတယ်။ ရှင်းလင်းခံလိုက်ရသည့် ဗိုလ်မှူး သန်းနိုင်ဝင်းသည် စစ်ဗျူဟာထောက်လှမ်းရေး တစ်ဦးဖြစ်ပြီး တပ်တွင်း CDM ပြုလုပ်လိုသူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့် ထော က်လှမ်းနေသူဖြစ်ကြောင်း၊ ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးပို့မှုကြောင့် CDM လုပ်ရန် ပြင်ဆင်နေသူ စစ်သား ၇ ဦး သတ် ဖြတ်ခံရပြီး ၄ ဦးထောင်ချခံထားရကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ဗိုလ်မှူး သန်းနိုင်ဝင်းက အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်သူဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။
⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၆ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
================================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၅.၇. ၂၀၂၂) သောကြာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၇ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။