ဇူလိုင် ၁၄ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=================================
⚠️ မကွေးတိုင်း စလင်းမြို့တွင် အကြမ်းဖက် စစ်တပ်က အဓိက အားထားနေရသော တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၄ ၏ ခဲယမ်းတိုက်ကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၇ မိနစ်တွင် ပေါက်ကွဲအား ပြင်းထန်သော မိုင်း ၂ လုံးဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (စလင်း)က ဖောက်ခွဲ တိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ခဲယမ်းတိုက် ဖျက်ဆီးခဲ့ပြီး ယင်း ခဲယမ်းတိုက်သည် ၎င်းတို့၏ ခဲယမ်းများ သိုလှောင်ရာနေရာဖြစ်ပြီး ရှေ့တန်းတွင် ရွတ်ရွတ်ချွံချွံတိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များအတွက်လည်း ရင်ဆိုင်နေရသည့် စစ်တပ်များတွင် ခဲယမ်းအင်အားလျော့ကျသွားစေရန်ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် ထောက်တိုင်များကို ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(စလင်း)မှ သတင်းထုတ်ပြန် ထားပါတယ်။
⚠️ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သားကြင်ကျေးရွာနှင့် နတ်ကြီးကျေးရွာအကြားတွင် ဘီယာဆိုင်မှ သောက်စားပြီး အိမ်စီး ကား ၂ စီးဖြင့် ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့ထံမှ သိရပါတယ်။ အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် Mark 2 နှင့် Honda Fit ကား ၂ စီးဖြင့် ပြန်လာခြင်းဖြစ်ပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ အမျိုး သမီး စစ်သည်တော်တပ်ရင်း (မြောင်)၊ နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးရှိမရှိကို အတည်မပြုနိုင်သေးပါဘူး။
⚠️ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နှင့် သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ကြား ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း NTDF ထံမှ သတင်းရရှိပါတယ်။
⚠️ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲထောက်ပံ့ရေးဌာနကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့က ကား ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ရဲ ၂ ဦး သေဆုံးကြောင်း ဒေသခံ ပြည်သူများနှင့် သက် ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ပြောပါတယ်။ မြောက်ဒဂုံ ရဲထောက်ပံ့ရေးဌာနကို တော်လှန်ရေးရဲဘော် သေနတ်သမားများက နံနက် ၆ နာရီ ကျော်ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲထောက်ပံ့ရေးဌာနရှေ့ရှိ ဘန် ကာကို ဦးတည် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် ၂ လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ ရဲထောက်ပံ့ရေးဌာန ဘန်ကာရဲကင်းကို တိုက်ခိုက်မှုသည် အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။
⚠️ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီအချိန် ရေဦးမြို့မှ ထွက်လာသော စစ် ကြောင်းကို ရေဦး-ခင်ဦးလမ်းပိုင်းတွင် ဒေသပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံနှင့် ခင်ဦး ပကဖ တို့က နေရာ ၃ နေရာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ အင်းပတ် ကျေးရွားအနီး မိုင်းဆွဲမှုတွင် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း ယနေ့ သေဆုံးသွားကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ခင်ဦးနှင့် ဒီပဲယင်းရှိ ညောင်လှ၊ မရန်ကန်၊ ယဉ်ကျေး၊ နမား ကျေးရွာများကို တိုက် ခိုက်ရေးရဟတ်ယာဉ် ၅ စီးဖြင့် ပစ်ခတ်နေပြီး ပြည်သူများ ထောင်ချီထွက်ပြေးနေရတယ်လို့သတင်းရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁၄ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
============================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၃.၇. ၂၀၂၂) ဗုဒ္ဓဟူးနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၂၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။