ဇူလိုင် ၁၂ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၁၂ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
================================

⚠️ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်းရွာအနီး စစ်ကား ၁၅ စီးပါ စစ်တပ် ယာဥ်တန်းကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ထား ဝယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(အေဒင်မှူး) ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စစ်တပ် ယာဉ်တန်းဟာပကာရီဘက်မှ ထား ဝယ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကား ၃ စီး ထိမှန်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။

⚠️ စစ်ကိုင်းတိုင်း ပုလဲမြို့ ဌာနဆိုင်ရာ စုပေါင်းရုံးကို ဇူလိုင်လ ၁၀ ရက်နေ့ ည ၆ နာရီခန့်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက တာဝေးပစ် လက် နက်ကြီးများဖြင့် အချက်ရေ ၂၀ ကျော် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရပါတယ်။ ထိုသို့ တိုက်ခိုက်ပြီးနောက် ယင်းစုပေါင်းရုံးအတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးပြေးထွက်လာပြီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂ ဦးလဲ ကျသွားကာ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးပါဘူး။

⚠️ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင် ကျွန်းပင်ဂိတ်ကို FRF နှင့်DRPAက ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုပါတယ်။ ဒီပဲယင်းမြို့ အဝင် ကျွန်းပင်ဂိတ်တွင် စစ်တပ်က လက်နက်အားကိုးဖြင့် လူထုထံမှ ငွေကြေးတောင်းခံ ဓားပြတိုက်နေသဖြင့် အဆိုပါစခန်းဂိတ်ကို DRPA နှင့် FRF က ပျောက်ကျားစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစအဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းထန်ရပြီး သေဆုံးကြောင်း သိရှိရပါတယ်။

⚠️ စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ် ခြေလျင် စစ်​ကြောင်းကို လုံခြုံရေး ပေးရန် ကင်းစောင့်နေသည့် စစ်သားများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း PDF South Monywa တပ်ဖွဲ့ထံမှ သိရပါတယ်။ မုံရွာ-ချောင်းဦး လမ်းပိုင်းကို ခြေလျင် တက်လာမည် စစ်တပ် စစ်ကြောင်းကို စစ်ကား ၁ စီးဖြင့် ကင်းပုန်းများချကာ လုံခြုံရေး ယူနေစဥ် People’s Defence Force – South Monywa တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ် ကင်းပုန်းများရှိသော တဲအတွင်းမှ စစ်သား ၃ ဦးနှင့် တဲအပြင်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရတာပါ။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ၁၂ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ⚠️
=============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၁.၇. ၂၀၂၂) တနင်္လာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၂၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.