ဇူလိုင် ၁၁ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၁၁ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
================================

⚠️ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အဝင် အကြမ်းဖက် စစ်တပ်၏ ဆက်ကြေး ကောက်ခံနေသော စစ်ဆေးရေး ဂိတ်ကို Freedom Revolution Force FRF (ရွှေဘိုခရိုင်တပ်ရင်း ၂၄) နှင့် မြို့ပြစစ်ဆင်ရေးအထူးအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်းသိရပါတယ်။အ ဆိုပါ ပစ်ခတ် တိုက်ခိုက်မှုတွင် ၄၀ မမ ဗုံးသီး ၂ လုံးသည် စစ်ဆေးရေး ဂိတ်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကာ ခရီးသွားပြည်သူများအပေါ်အကြမ်းဖက် ဆက်ကြေး ကောက်ခံမှုများအား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Freedom Revolution Force တပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

⚠️ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နှင့်နပဲကြူးဇရပ်အကြားတွင် အကြမ်းဖက်စစ်တပ် ထောက်ပို့ကား ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ထောက်ပို့ယာဥ် ၂ စီးသည် စစ်ကိုင်းဘက်မှ ထွက်လာခြင်းဖြစ်ပြီး Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F ညီနောင်လေးဖွဲ့တို့က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။

⚠️ ရှမ်းပြည်နယ်၊ ရွာငံ-ပင်းတယလမ်းပိုင်း၊ ညောင်ကုန်းနှင့် လက်ပံကြားတွင် စစ်ကား ၇ စီးပါ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ သိရပါတယ်။ အဆိုပါ ယာဥ်တန်းတွင် ရွာငံ-ပင်းတယမြို့နယ် ဦးစီးမှူး ဒေသဦးစီးမှူး အာကာလင်း လိုက်ပါလာပြီး ရွာငံမြို့မှ ပြန်လာစဥ် ကျောက်ဆည် နဂါးနီ ပျောက်ကြားတပ်ဖွဲ့ နှင့် ရွာငံပြည်သူ့ကာ ကွယ်ရေး အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ယင်း ဖောက်ခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဥ်အတွင်း စစ်ကား ၂ စီး ပျက်ဆီးခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ကာ စခ(၁၀)ကောင်ခန့် နေရာတွင်ပွဲချင်းပြီးသေဆုံးကာ သေဆုံး စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို အောင်ပန်းမြို့ ကုတင် ၇၀၀ စစ်ဆေးရုံသို့ သယ် ဆောင်သွားကြောင်း သိရပါတယ်။

⚠️ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းရွာမှ ကျောက်ကြီးကျေးရွာဘက်သို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော သံခွံရှပ်ပြေးယာဉ်ကို ယနေ့ ဇွန်လ ၁၁ ရက် နံနက်အစောပိုင်း၌ မြို့လှ PDF က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ရှပ်ပြေးယာဉ်တွင် ခမရ ၄၁၅ မှ ဗိုလ်မှူး သိန်းမြင့်အောင် ဦးဆောင်သော တပ်ဖွဲ့လိုက်ပါလာပြီး မြို့လှ KPDF တပ်ခွဲ ၁ ဗိုလ်မိုးကြိုး ဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ယင်းနောက် ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ အကြမ်းဖက်စစ်တပ်ကို ထောက်တိုင်သဖွယ် ဝန်ဆောင်မှုပေးနေသည့် သံခွံရှပ်ပြေးယာဉ်ကို မြို့လှ PDF က ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း မြို့လှ KPDF က သတင်းထုတ်ပြန်ပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁၁ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၀.၇. ၂၀၂၂) သောကြာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.