ဇန်နဝါရီ ၂၇ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
=============================
⚠️ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မှုံပြာကန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး စနိုက်ပါထိမှန်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်းဒီးမော့ဆို PDF က သတင်းထုတ်ပြန်ပါတယ်။
မှုံပြာကန်အနီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒီးမော့ဆို PDF ကြား ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီထိ တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁ ဦး စနိုက်ပါကျည်ထိမှန်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း သိရှိရပါတယ်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ် ခွာခဲ့ရကြောင်းနှင့် အထိအခိုက်မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆိုကသတင်းထုတ်ပြန်ပါတယ်။
⚠️ စစ်ကိုင်းတိုင်း၊ ကနီနယ်၊ ချင်းတွင်းမြစ်တွင် စစ်ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးကျော်သေ ဆုံးကြောင်း DRPA က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့ ချင်းတွင်းမြစ်ဝှမ်းဒေသ ကနီနယ် ဘုမ္မဇင်းရွာ သောင်ပြင်တွင် ညအိပ်ရပ်နားခဲ့သော စစ် ရေယာဥ်အုပ်စုသည် ယနေ့နံနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာရာ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင် မြွေပိုင်းတောင်အနီး DRPA ၊KGF၊KPDF၊Chindwin Dragon၊ရွှေတြိဂံနှင့် ကိုလမင်းအဖွဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်သား ၁၀ ဦးကျော်သေဆုံးကြောင်း သိရှိရပါတယ်။
⚠️ ချင်းပြည်နယ်၊ မတူပီမြို့မှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းသည် မတူပီ-မင်းတပ်လမ်း ပိုင်းတွင် ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီး စစ်သား ၈ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရထားကြောင်း ချင်းတပ်ဖွဲ့များထံမှ သိရှိရပါတယ်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင်း သံချပ်ကာ အမြှောက်ကား ၂ စီးပါ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးထားကြောင်း CDF မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရတာပါ။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီမှ ဇန်နဝါရီလ ၂၄ ရက်တွင် ပြန်လည်ထွက်ခွာလာပြီး ချန်ပြန်းရွာ ဟောင်းအနီးတွင် CDF Matupi က တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း၊ မတူပီ-မင်းတပ်ကားလမ်း မိုင်တိုင် ၈၀ အနီး၌ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၉ နာရီတွင် စစ်ယာဉ်တန်း ရောက်ရှိနေစဉ် CDF Matupi က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့သော်လည်း CDF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရှိရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
========================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၂၅. ၁. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၆ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။