ဇန်နဝါရီ ၂၅ ရက် စစ်ပွဲသတင်းများစုစည်းဖော်ပြမှု

ဇန်နဝါရီ ၂၅ ရက် စစ်ပွဲသတင်းများစုစည်းဖော်ပြမှု
============================
⚠️စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် ကုန်ကြီးကွေ့အနီးတွင် စစ်ကောင်စီတပ်ကို ဖောင်းဒိုင်းအဖွဲ့က ရှေ့ထွက် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရပါတယ်။

⚠️ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများကို ဖျက်ဆီး၍ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို 11 BrothersRevolutionForces က ဦးဆောင်၍ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်(TGR)နှင့် 27RevolutionForces(မြင်းခြံ) မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။

⚠️ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ် ၀သုန္ဒရကျေးရွာအနီး နှောပင်မောင်နှမ နတ်နန်းနားတွင် စစ်ကား ၂ စီး မိုင်းဆွဲခံရကြောင်း၊ ပစ်ခတ်သံများလည်းကြားရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

⚠️စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများ အသေအပျောက်ရှိနိုင်ကြောင်း၊ ယမန်နေ့ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ၂၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ ကင်းလှည့်ယာဉ်ကို မြထောင်လမ်းဆုံအနီးတွင် Fire Dragon-HPDF မှ မိုင်း ၅ လုံးတစ်ပြိုင်တည်းခွဲတိုက်ခိုက်ကြောင်း၊ မိုင်းမိတဲ့နေရာတွင် ကားထိုးရပ်သွားပြီးရမ်းသန်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။

⚠️မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာ အနောက်ဘက်သို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးမိတ်ဖက် မကွေးတပ်ရင်း (၁) တို့ကြား ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) နေ့လယ် ၁၂ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း၊စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့်ကျည်များ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

⚠️ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ် ဖွဲ့များကို PDF နှင့် KNLA တပ်များက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ပုတိမ်ရိုးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံ PDF ထံမှ သိရှိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်သို့ ၁၀ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကားလမ်းနံဘေးရှိ နေအိမ် ၁ အိမ်မှ ကလေးငယ် ၁ ဦး ခြေထောက် ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

⚠️ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေး ကျေးရွာတွင် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နယ်မြေခံ KNLA တပ်ရင်း ၁၇ က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါတယ်။

⚠️မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက် သလ္လာဝတီ ၁ လမ်းရှိ ရန်မျိုးအောင် ပျူစောထီးအဖွဲ့၏ ဒုတိယ ခေါင်းဆောင် “ရာဆင်း” ကို YGF အဖွဲ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့ ပစ်ခတ် ရှင်းလင်းခဲ့ပြီး အဆိုပါ ပျူစောထီးသေဆုံးမှုကို စစ်ဆေးရန် လာသည့် အဖွဲ့ကို YGF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲ လေးဦး သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း YGF က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့ကို ရေးမြို့နယ် ၊ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားအနီးတွင် YGF အဖွဲ့သားများက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းပါ။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် YGF အဖွဲ့သားများက တစ်စုံတစ်ရာ ထိခိုက် ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၂၄. ၁. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၉ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.