ဇန်နဝါရီ ၁၉ ရက် တိုက်ပွဲသတင်းစုစည်းဖော်ပြမှု
===========================
၁။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး စုပေါင်းခရိုင်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို KDF၊ GZ 21 လွိုင်ကော်၊ JPDF ပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၂ နာရီ ၃ မိနစ်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦး ခန့် သေဆုံးနိုင်ကြောင်း Karenni Democratic Front ထံမှ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရိ ၁၄ ရက် ညသန်းခေါင်အချိန်မှာလည်း ဒေါ်ဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးက ခရိုင်ရဲရုံးကို မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေခဲ့ပါသေးတယ်။
၂။ ချင်းပြည်နယ်၊ မတူပီမြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၈ ရက်နေ့ထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးကာ၊ CDF Zotung မှ ၁ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြောင်း သိရှိရပါတယ်။ ဇိုတုန်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူ နေအိမ်များနှင့် ဆိုင်ကယ်များကို ဖျက်ဆီးကြောင်း၊ ယင်းစစ်ကောင်စီတပ်နှင့် CDF Zotung၊ CNA၊ YDF၊ PDF-Yaw၊ CDF Hakha၊ CDF Zophei၊ CDF Matupi၊ CDF Lautu၊ CDF Senthang ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း CDF Zotung က သတင်းထုတ်ပြန်ပါတယ်။
ဇိုတုန်နယ်သည် မတူပီနှင့် ဟားခါးကြားတွင်တည်ရှိပြီး အရှေ့ဘက်တွင် ဂန့်ဂေါ၊ ထီးလင်းမြို့များ တည်ရှိပါတယ်။ ဇိုတုန်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်ရှိနေေကြောင်း၊ နယ်စပ်သို့ စစ်ရှောင် ၄၀၀ ခန့် ရောက်ရှိနေကြောင်းနှင့် ပြည်သူများအနေဖြင့် မဖြစ်မနေ ဖြတ်သန်းသွားလာပါက ကြိုတင်အသိပေးကြရန် CDF Zotung က မေတ္တာရပ်ခံထားပါတယ်။
၃။ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွင် နယ် မြေကျူးကျော်လာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA၊ KNDO တပ်ဖွဲ့များကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၅၉ ဦး သေဆုံးကာ ၁၀၂ ဦး ဒဏ်ရာရကြောင်း၊ KNLA ဘက်မှ ၁၃ ဦး ကျဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၁ ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်များအတွင်း စစ်ကောင်စီက အများပြည်သူ လုပ်ငန်းခွင်များနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၂၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
– အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
– သတင်းအချက်အလက်များအရ (၁၈.၁. ၂၀၂၂) ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ – ၁၁ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
– စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထုသပိတ်တိုက်ပွဲတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာ ပုံမှန်လို တွေ့နေရပါပြီ။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။