ဆွမ်ပီယန်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်
ဖေဖော်ဝါရီ ၂ ၊ ၂၂
ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်အခြေစိုက်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက ဖေဖော်ဝါရီ ၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ် ကောင်စီတပ်စခန်းကနေ လက်နက်ခဲယမ်းများစွာနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပူတာအို PDFက ထုတ်ပြန်လိုက်ပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းအတွင်းက လက်နက်ခဲယမ်းအမြောက်အတွေနဲ့ စစ်ကောင်စီတပ်သား ၁ဦးဖမ်းဆီးရမိထား သလို လုံရှာယာန်ကျေးရွာအတွင်းက စခန်းတွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး အကြမ်းဖက် တပ်စခန်းနဲ့ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပူတာအို PDFက ထုတ်ပြန်ခဲ့ပါတယ်။
အရင်ကလည်း ပူတာအိုခရိုင်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းတွေကို KIAနဲ့ PDF ပူးပေါင်းပြီး ခုခံတိုက်ခိုက်တာ တွေလုပ်ဆောင်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။