ဆေးရုံတွေကို လေယာဉ်နဲ့ဗုံးကြဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာဥပဒေတွေနဲ့ အမြန်ဆုံးအရေးယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

ဆေးရုံတွေကို လေယာဉ်နဲ့ဗုံးကြဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာဥပဒေတွေနဲ့ အမြန်ဆုံးအရေးယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာရှိတဲ့ ဝါးခါဒဲနဲ့ လယ်ထူဖိုး ဆေးရုံနဲ့ဆေးပေးခန်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာဥပဒေတွေနဲ့အညီ အမြန်ဆုံးအရေးယူပေး ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်မာရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆေးရုံး၊ ဆေးခန်းတွေကို တိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်တွေအပါအဝင် ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေကို ပျက်ရယ်ပြု၊ ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ် ကောင်စီကို နိုင်ငံတကာအနေနဲ့ အချိန်မီထိရောက်စွာ တားဆီးအရေးကြဖို့အတွက် တောင်းဆိုထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ ကျန်းမာရေးလုပ်သား တွေအပေါ် ကျူးလွန်ရက်စက်နေရုံ သာမကဘဲ ကချင်၊ ကယား(ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ အစရှိတဲ့ မြန်မာနိုင်ငံဒေသ အနှံ့အပြားမှ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ အိုးအိမ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးလုယက်တာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လူစိတ်မဲ့စွာ ဆက်တိုက်ကျူးလွန်နေတယ်ဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရိ ၁ ရက်ကနေပြီး နိုဝင်ဘာ ၃၀ ရက်အထိ ၁၀ လတာကာလအတွင်းမှာကို အကြမ်းဖက်စစ်ကောင် စီတပ်တွေက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစုစုပေါင်း ၃၅၅ ခုကို တိုက်ခိုက်တာ၊ ကျန်းမာရေးလုပ်သား ၂၈၄ ဦကို ဖမ်းဆီး ထားတာ၊ ဆေးရုံ/ဆေးခန်း ၁၁၃ ခုကို ဝင်ရောက်စီးနင်းလုယက်တာနဲ့ ကျန်းမာရေးလုပ်သား ၃၁ ဦးကို သတ်ဖြတ်တာတွေကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.