ဆောမြို့မှာ ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ဆောမြို့မှာ ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ဖေဖော်ဝါရီ ၉၊ ၂၀၂၂

မကွေးတိုင်း ဆောမြို့နယ် ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ကို ပြည်သူ့ဝန်ထမ်းတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ CDM ရဲဝန်ထမ်းတွေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၈ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဆောမြို့နယ်အတွင်း တရားဥပဒေမဲ့လုပ်ရပ်တွေ မဖြစ်စေဖို့၊ တရားဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်လာရင် တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ဖို့ နဲ့ ပြည်သူ့လုံခြုံရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းလိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်မှာလည်း CDM ရဲဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး ရဲလုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေလည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ စီမံဆောင်ရွက်နေသလို တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး စီမံချက်ကို ရေးဆွဲနေတာရှိတယ်လို့ ဖေဖော်ဝါရီ ၈ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ ဥပဒေကြမ်းကိုလည်း ပြည်ထဲရေးက ဦးဆောင်ပြီး ရေးဆွဲခဲ့တာမှာ အခု ပြီးသွားပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.