ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထုတ်ပြန်ကြေညာ

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထုတ်ပြန်ကြေညာ
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၂

မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်တွေ ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဆောမြို့နယ် ကျောက်ထု တိုက်နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိရလို့ အခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ရက်က ရန်ကုန်မှ ပြန်လာတဲ့ ခရီးပြန် ပြည်သူ ၄ဦးနဲ့ ခရီးသွားရာဇဝင်မရှိတဲ့ ကျေးလက်နေ ပြည်သူတစ်ဦး တို့ကို ဖေဖော်ဝါရီ ၁၇ရက်မှာ ကိုဗစ် အိုမီခရွန် သံသယနဲ့ စစ်ဆေးကြည့်ရာမှာ Positive ဖြစ်နေတာကို တွေ့ရှိ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကူးစက်ခံရမှုဟာ အိုမီခရွန် ဖြစ်နိုင်ကြောင်း ကျောက်ထုတိုက်နယ် ကျန်း မာရေးအဖွဲ့က မှတ်ချက်ပြုပြီး အထိအခိုက် အနည်းဆုံးဖြစ်စေဖို့ ကိုဗစ်ထိန်း ချုပ်ရေး အစီအမံတွေ တင်ပြလာတာကြောင့် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေး မလုပ်ဖို့ အပါအဝင် ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဆောပအဖက ထုတ်ပြန်ခဲ့တာပါ။

ဆောမြို့နယ်ကျောက်ထုတိုက်နယ်တွင်းနယ်ခံပြည်သူများအားကနဦး Quarantine ထားရမှာဖြစ်ပြီး အလှူပွဲ၊ မင်္ဂလာပွဲ အပါအဝင် လူစုလူဝေး ကိစ္စရပ်တွေကို မြို့နယ် တိုက်နယ်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ခွင့်ပြုချက်မရဘဲ လုံး၀ မပြုလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.