ဆောထိမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးတွေ တာဝန်ကနှုတ် ထွက်ရမယ်လို့ KNU က စာထုတ်ပြန်

ဆောထိမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးတွေ တာဝန်ကနှုတ် ထွက်ရမယ်လို့ KNU က စာထုတ်ပြန်
◾️ ဆောထိမြို့နယ်အတွင်းလိုက်နာရမယ့် စည်းကမ်းတွေထုတ်ပြန်ထားပြီး မလိုက်နာရင် KNU က ချမှတ်ထားတဲ့စည်း မျဉ်းတွေနဲ့ အရေးယူမယ်
ဇူလိုင် ၄ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဆောထိမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးတွေ တာဝန်က နှုတ်ထွက်ရမယ်လို့ KNU က စာထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဆောမြို့နယ်အတွင်းမှာ နေတဲ့ ပြည်သူတွေလိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ထုတ်ပြန်လိုက်ပြီး မလိုက်နာ ရင် KNU က ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ အရေးယူမယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ဇွန် ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ ဒီနေ့မှာ KNU ဗဟိုကနေ သတင်းထုတ်ပြန်လိုက် တာပါ။

ထုတ်ပြန်ချက်ထဲမှာ KNU ဗဟိုက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် ရပ်တည်ပြီး အကောင်အ ထည်ဖော်ဆောင်ရွက်နေရတာနဲ့အညီ စီမံအုပ်ချုပ်တဲ့ နယ်မြေအတွင်းက ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ လူမူရေးနဲ့ လူမှုဘဝလိုအပ်ချက်တွေကို ပြည်သူလူထုနဲ့ အတူတစ်ကွ လက်တွဲဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုရဲ့ လူမူဘဝလုံခြုံ ရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိတာကြောင့် အခုထုတ်ပြန်လိုက်တဲ့အချက်တွေကို လိုက်နာရမှာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဆောထိမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေများအတွင်းဆောင်ရွက်လိုတဲ့ မည်သည့်ကိစ္စကိုမဆို သက်ဆိုင်ရာမြို့နယ် ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်နဲ့အညီ လိုက်နာဆောင်ရွက်ရမယ်ဆို တာနဲ့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စတွေနဲ့ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက် လုပ်ကိုင်လိုပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဆာထိမြို့နယ်သို့ တရားဝင် တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှသာလျှင် လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားတာပါ။

ဒါအပြင် ပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်မှု မှန်သမျှကို တရားဝင် အသိအမှတ်ပြုနိုင်ရန်အတွက် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ဆာထိမြို့နယ်ရုံးမှာ တရားဝင် စာရင်းသွင်း မှတ်ပုံတင်ရမယ်လို့ ဖော်ပြထား ပါတယ်။

ဆာထိမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းက မြေယာ၊ သစ်တော ၊ ရေလုပ်ငန်းနဲ့ သဘာဝသယံဇာတတွေကို ဆောင်ရွက်လုပ်ကိုင် လိုပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ ဆာထိမြို့နယ်နဲ့ သက်ဆို င်ရာဌာနတွေရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံး လု ပ်နည်းနဲ့ အညီ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဆာထိမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ် ဆေးဝါးနဲ့ လောင်းကစားတွေ လုံးဝမပြုလုပ်ရန်အတွက် လည်း တားမြစ်ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.