◼ ဆီသို့ စာစဉ် အတွဲ ၂၊ အမှတ်စဉ် (၁) ထွက်ပြီ။
အပတ်စဉ် စနေနေ့တိုင်းထွက်ရှိလျက်ရှိသော ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများနှင့် တကသကျောင်းသားဟောင်းများအင်အားစုတို့မှ ထုတ်ဝေလျက်ရှိသည့် ဆီသို့စာစဉ်ကို ယခင်ပုံစံများနှင့်မတူဘဲ ကဏ္ဍအသစ်များနှင့် ပြည်သူလူထုထံဖြန့်ချိတော့မည်ဖြစ်ပါသည်။
ယခုစာစဥ် အတွဲ ၂ တွင် ပါဝင်လာသည့် ကဏ္ဍများမှာ ကဗျာ၊ ဆောင်းပါး၊ သတင်း၊ CDM ရင်ဖွင့်သံ၊ တော်လှန်သော ကျောင်းသားထု အသံ၊ တော်လှန် ရေးကာလ တိုက်ပွဲကာလအတွင်း သတိပြုလိုက်ပါ ဆောင်ရွက်သင့်သည်များနှင့် သတင်းစဉ်ကဏ္ဍတို့ဖြစ်ပါသည်။
အတွဲ ၂၊ အမှတ်စဉ် ၁ တွင်
◼ ပြည်သူဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ ဆိုတဲ့ တပ်ကြပ်ကြီး အောင်ရဲညွန့် ၏ ရင်တွင်းစကား
◼ ပင်တိုင်ဆောင်းပါးရှင် သိန်းဖေ၏ ရဲဘော်ရဲဘက် မိတ်ဆွေများသို့ ပေးစာ -၁
◼ တော်လှန်သောကျောင်းသားများ၏ ရင်တွင်းခံစားချက်ကဗျာများ နှင့် တပတ်အတွင်း သတင်းများကို စုံလင်စွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်…
ထပ်မံထွက်ရှိမည့် အတွဲအမှတ်များအား ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေး ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသည်။
ကျောင်းသားပြည်သူများအနေဖြင့် အချင်းချင်းပြန်လည်ဖြန့်ဝေခြင်း၊ PDF အား Print ထုတ်၍ ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။
▪️Ebook Link-
https://tinyurl.com/k66pfxf7
Like – 3.6K Share – 221