ဆားလင်းကြီးမြို့နယ်ရဲ့ နံနက်ခင်းဈေးတစ်ခုမှာ စစ်အာဏာရှင်အလိုမရှိ ချီတက်ဆန္ဒပြရင်း လူထုသွေးမအေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်ပြုလုပ်
ဇူလိုင် ၁၆ ၊ ၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေက စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြရင်း လူထုသွေးမအေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ ဆန္ဒပြသပိတ်ကို ဇူလိုင် ၁၆ရက် ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ/ ဘုံရန်သူကို ခြေမှုန်းကြ” ဆောင်ပုဒ်များကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်အာဏာရှင် ကျရှုံးရေး ဟစ်ကြွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ယင်းမာပင်/ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်သူတွေ၊ ကံကုန်သပိတ်ဦးဆောင်သူတွေ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်ဦးဆောင်သူတွေနဲ့ လက်ပံတောင်းဒေသ ဖောင်းကားသပိတ်ဦးဆောင်သူတို့က ဈေးသူဈေး သားများတွေအတူ နယ်မြေမငြိမ်မသက်မှုတွေကြားထဲက ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။