ဆရာနေဘုန်းလတ်ရဲ့ “စိတ်ဒဏ်ရာမှသည် တော်လှန်ရေးအင်အားဆီသို့” အပိုင်း (၁) ကို နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီအချိန် ဒီကာလက အတိမ်အနက် အတိုင်းအဆ သာကွာမယ် ကျွန်တော်တို့အားလုံး စိတ်ဒဏ်ရာ ကိုယ်စီရနေကြတာသေချာပါတယ်။ လူမစုံတော့တဲ့မိသားစုထမင်းဝိုင်းတွေ၊ သားသမီးဆုံးခဲ့တဲ့ မိဘတွေ၊ မိဘမဲ့သွားတဲ့ ကလေးသူငယ်တွေ၊ လက်တွဲဖော်မဲ့ပြီး တစ်ယောက်တည်းကျန်ခဲ့ကြရသူတွေ၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှု တွေကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရသူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားခဲ့ကြရသူတွေ၊ ချစ်ရသူတွေနဲ့ သေကွဲ ဒါမှမဟုတ် ရှင်ကွဲ ကွဲနေကြရတဲ့သူတွေ၊ မတရားမှုကို အဓမ္မကို အံကြိတ်ငုံ့ခံနေကြရလို့ အသမာတက်လာတဲ့ နှုတ်ခမ်းတွေ ကျွန်တော်တို့တွေအားလုံး အတိမ်အနက် အတိုင်းအဆသာကွာမယ် စိတ်ဒဏ်ရာကိုယ်စီရနေကြတာ သိပ်ကို သေချာပါတယ်။
ကျွန်တော်တို့ရနေတဲ့ စိတ်ဒဏ်ရာ တွေက ကျွန်တော်တို့ကို ကစဉ့်ကလျားဖြစ်စေတာ၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကိုဝေဝါးစေတာ၊ ကျွန်တော်တို့ရဲ့ ရန်သူကို အားဖြစ်သွားဖြစ်စေတာ၊ ကျွန်တော်တို့ရဲ့ လမ်းကြောင်းတွေကို ထွေပြားစေတာမျိုးတွေမဖြစ်စေပဲ … တော်လှန်ရေး အတွက် အင်အားတစ်ရပ်ဖြစ်လာဖို့ စိတ်ဒဏ်ရာတွေကို ပါးပါးနပ်နပ် ကိုင်တွယ်ကုစားကြရအောင်ပါ။ ရန်သူက ပေးတဲ့ အမာရွတ်ကို ထိုင်ကြည့်ရင်း ငိုချင်းချမနေပဲ အမာရွတ်အကြောင်းတွေး သွေးအေးမသွားအောင်နွှေးရင်း အားမွေးကြရအောင်ပါ။
#SpringRevolution
#PVTV
Like – 6.8K Share – 598