ဆန္ဒပြလူငယ်များကို ရိုက်နှက်ဖမ်းဆီးမှု ဖြစ်စဉ် ဖြစ်ပျက်ခဲ့တဲ့ Myanmar Plaza အား လူထုဒဏ်ခတ်မှု စတင်
၂၅ နိုဝင်ဘာလ ၂၀၂၁
Myanmar Plaza ရှိ လုံခြုံရေးဝန်ထမ်းများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတဲ့ ဖြစ်စဉ်အပြီး နာရီပိုင်းအတွင်းမှာပဲ Myanmar Plaza မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်အချို့ ပိတ်သိမ်းထားမှာဖြစ်ကြောင်းနဲ့ ဆက်လက်ဖွင့်လှစ်မှာမဟုတ်တော့ကြောင်း ကြော်ငြာတွေ အွန်လိုင်းပေါ် အသီးသီး ပြန့်နှံ့လာတာတွေ့ရပါတယ်။
Goggle Map မှာ Myanmar Plaza ရဲ့ Review Score 2.6 အထိကျသွားပြီး Google Map ပေါ် review ပိတ်ရာကနေ page ပါ ဖြုတ်ချ လိုက်ရပြီလဲဖြစ်ပါတယ်။
Myanmar Plaza က လုံခြုံရေးဝန်ထမ်းတွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဆန္ဒပြလူငယ်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သပိတ်အဖွဲ့တွေက အဆိုပါ လုပ်ရပ်ကို ရှုံ့ချကာ Myanmar Plaza ကို ပြည်သူတွေ Boycott လုပ်ကြဖို့ တောင်းဆိုခဲ့တာလဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#News