“စိန်ခေါ်မှုအခက်အခဲတိုင်းမှာ အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။ စစ်အာဏာရှင်စနစ်အမြစ…
“စိန်ခေါ်မှုအခက်အခဲတိုင်းမှာ အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုင်းရင်းသားပြည်သူများ အမြဲမျှော်မှန်းခဲ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအိပ်မက်ကို နိုင်ငံရေးအတွေးအမြင်သစ်နဲ့ တည်ဆောက်ဖို့ လက်ရှိကာလဟာ အချိန်ကောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းသာယာတဲ့ အသိုက်အမြုံဂေဟစနစ်ဟာလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းပြီးကတည်းကစပြီး ယိုယွင်းပျက်စီးသွားလို့ အခုဆိုရင် သွေးချင်းညီအစ်ကိုမောင်နှမတွေ အတူတကွ ပြန်လည်တော်လှန်ရင်း မကြာမီကာလအတွင်း ပွင့်လင်းညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရောက်ရှိတော့မှာဖြစ်ပါတယ်”
ဒေါက်တာတူးခေါင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#SpringRevolution
#PVTV
Like – 15K Share – 1108
Public Voice Television Facebook
Add your reaction
  1. ပြည်တွင်းစစ်ဟာ ဘယ်သူ့အတွက်မှ မကောင်းတာကို နားလည်ကြပေမယ့် အာဏာရူးလူတစ်စု ရဲ့ မိုက်မဲမှုကြောင့် မဖြစ်မနေ ရွေးချယ်ခဲ့ကြရပြီ။ သက်တောင့်သက်သာ Grey Area မှာ ကျန်နေတဲ့ လူအရေအတွက်ကလည်း ပါးလျားလာခဲ့ပြီ။
    မြန်မာပြည်ဟာ Fail State ဘဝကို အရှိုန်အဟုန်နဲ့ ပြေးဆင်းနေပြီ။ တစ်ချိန်မှာ Ground Zero ကို လုံးဝ ရောက်သွားလိမ့်မယ်။ အနှေး၊ အမြန် ပဲ။
    ကိုလိုနီခေတ်တုန်းက အင်္ဂလိပ် အရေးပိုင် တစ်ယောက် ပြောဖူးတယ်တဲ့။ မြန်မာတွေရဲ့ ပါးစပ်ကနေ “မထူးတော့ပါဘူးကွာ” လို့ ထွက်လာရင် အသက်လု၊ ကိုယ်လွတ်ရုန်း ပြေးပေတော့တဲ့။
    ကဲ ခု သင်တို့ ဘာပြောနေကြပြီလဲ။
    ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ဤခရီး
  2. ပြည်ထောင်စုဝန်ကြီး နှင့် တကွ NUG အစိုးရခေါင်းဆောင်များ အားလုံးလေးစားပါသည်၊ထောက်ခံပါသည် ရှင့်။
    သက်ရှိ၊သက်မဲ့ အားလုံး အားတန်ဖိုးထားခွင့်ရှိသော နေ့သစ်များအတွက် စုပေါင်းအား နှင့်ပြိုင်တူရွေ့သွားကြပါမည် ရှင့်။
  3. ပထမဆုံးကတော့ ဘုံရန်သူကို အပြီးအပိုင် ရှင်းရမယ်။
    သစ်တောထိန်းသိမ်းရေး
    သယံဇာတ ထုပ်ယူမှုတွေ စီစစ်ရမယ်
  4. NUGကျန်းမာပါစေဘေးကင်းပါစေဆောင်ရွက်သမျှအောင်မြင်ပါစေ
  5. NUG အစိုးရတရပ်လုံး မြန်မာနိုုင်ငံသူနိုင်ငံသား ကမ္ဘာသူကမ္ဘာသားတို့ထေါက်ခံမှု ယုံကြည် ကိုးစားမှုအပြည့်အဝရရှိပါစေ။
  6. ကျောင်းသူကျောင်းသားကျောင်းဆရာတွေနဲ့ပညာတတ်အသိုင်းအဝိုင်းကို
    စာမတတ်ပေမတတ်နဲ့သေနတ်ကိုင်ရမ်းကားအကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတဲ့အာဏာရူးစစ်ခွေးတွေရဲ့လုပ်ရပ်ဟာရွံစရာမကောင်းဘူးလား?
    သူတို့အကြိုက်သူတို့ခိုင်းတာလုပ်မှစားရတဲ့ထမင်းဟာ
    ချီးထက်ရွံစရာကောင်းတယ်လို့မခံယူဘူးလား?
  7. မအလရဲ့မှောင်ခိုဝင်ငွေရလမ်းကြောင်းတွေဖြစ်တဲ့မူးယစ်ဆေးဝါး
    လောင်းကစားသစ်ခိုးထုတ်မှုကျောကိက်စိမ်းရောင်းဝယ်မှုရေန်သဘာဝဓာတ်ငွေ့ရောင်းတာတွေမြေရှားသတ္ထုတူးဖော်တာတွေတစတဲ့လမ်းကြောင်းတွေကိုအဓိကထားပိတ်ပေးပါ
    ဒါမှအာဏာရှင်ပြုတ်ကျမှာ
    အနောက်နိုင်ငံကပိတ်တာလောက်တောမအလကမှုမှာမဟုတ်
    သူတို့ရဲ့အဓိကအလုပ်ဖြစ်ဝင်ငွေရပြီးအာဏာမြဲနေတာအဲ့မှောင်ခိုဝင်ငွေတွေကြောင့်ပါ
    အဲ့လိုမှမဟုတ်ရင်ပြည်သူတွေတနေ့တနေ့အမှည့်ခြွေခြွေခံနေပြီးစစ်ဘေးရှောင်မီးဘေးရှောင်နဲ့ဒုက္ခတွေပိုများလာနေပြီ
Public Voice is Public Power.
PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.