စစ်အာဏာသိမ်းမှုတွေကို အမြစ်ဖြတ်ပြီး ထပ်မံမပေါ်ပေါက်စေဖို့ နွေဦးတော် လှန်ရေးကို အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆဲဗင်းဂျူလိုင် အရေးတော်ပုံကိုဦးညွတ်ရင်း သန္နိဌာန်ပြု သဝဏ်လွှာပေးပို့
ဇူလိုင် ၇ ၂၀၂၂
စစ်အာဏာသိမ်းမှုတွေကို အမြစ်ဖြတ်ပြီး ထပ်မံမပေါ်ပေါက်စေဖို့ နွေဦးတော်လှန်ရေးကို အစွမ်းကုန်ကြိုးပမ်း သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၇ ရက်မှာပြည့်မြောက်တဲ့ နှစ် ၆၀ ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံကိုဦးညွတ်ရင်း သန္နိဌာန်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေတဲ့ လက်နက်မဲ့ကျောင်းသားလူငယ်တွေကို လက်နက်နဲ့အနိုင် ကျင့်သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေကို အပြီးသတ်အမြစ်ဖြတ်ကာ နောင်အနာဂတ်မှာ ဘယ်တော့မှ မပေါ်ပေါက်စေရေးနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ အပြစ်ပေးအရေးယူခံရရေးအတွက် နွေဦးတော်လှန်ရေးမှာ ရည်မှန်းချက်ထားပြီး ကျောင်းသားထုရဲ့သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ် လုံးရဲ့ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံက ခေါင်းဆောင်တွေအားလုံးရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြု ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။
သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးတဲ့ စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့ အ နာဂတ် ကျောင်းသားလူငယ်တွေကို အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုတွေကို ၂၁ ရာစုအထိ ဆက်လက် ကျူးလွန်နေကြတာဟာ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခဲ့ကြတာကြောင့် ဖြစ်ပြီး လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် အသက်နဲ့ဘဝကို ပဓာနမထားဘဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့် စွာနဲ့ တော်လှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းကို အမျိုးသားညီ ညွတ်ရေးအစိုးရက လေးစားဦးညွတ်ဂုဏ်ပြုတယ်လို့လည်းဖော်ပြထားပါတယ်။
စစ်အာဏာရှင်တွေရဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုတဲ့ယုတ်ညံ့တဲ့စိတ်နဲ့ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက် ချင်ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့လွတ်လပ်တဲ့ သမဂ္ဂစိတ်ဓါတ်တွေကို စစ်အာဏာရှင်အဆက်ဆက်က ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြဘူးဆိုတာကို ယခုနွေဦး တော်လှန်ရေးမှာ ရှေ့တန်းက တော်လှန်တိုက်ပွဲဝင်နေကြတဲ့ လူငယ်ထုက သက်သက်ပြလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။