စစ်အာဏာရှင် ကျဆုံးတဲ့အထိ အောင်ပွဲရအောင် တိုက်ပွဲဝင်သွားမယ်လို့ CRPH အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း အသိပေး

စစ်အာဏာရှင် ကျဆုံးတဲ့အထိ အောင်ပွဲရအောင် တိုက်ပွဲဝင်သွားမယ်လို့ CRPH အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း အသိပေး
မတ် ၅ ၊ ၂၀၂၂

စစ်အာဏာရှင်တွေကျဆုံးတဲ့အထိ အောင်ပွဲရအောင် တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက ဒီကနေ့မှာ အသိပေးလိုက် ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်ဖြူဖြူသင်းရဲ့ အသက် ၈၀ ကျော် မိခင်ဖြစ်သူရဲ့ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို HIV/AIDS ဝေဒနာရှင် ကလေးငယ်တွေကို ကျန်းမာရေးစောင့် ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှု ပေးဖို့ ဒေါ်ဖြူဖြူသင်း ထူထောင်ထားတဲ့ NAC Center ဂေဟာ တာဝန်ခံ ကိုရာဇာကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေ နဲ့ပတ်သက်ပြီး အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေး စတင်လုပ်ဆောင်တဲ့အချိန်ကနေ ဒီကနေ့ အထိ သူမနဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်အားလုံးနဲ့ NAC CENTER မှ သား/သမီး များ အားလုံးကို အားနာပေမယ့် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ GZ တွေ၊ နိုင်ငံစစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် အသက်စွန့် ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းPDF တွေ၊ အပစ်မဲ့ပြည်သူတွေ အသက်စွန့်လွှတ်ခဲ့ရတဲ့ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ၊ နေအိမ်မီးရှို့ခံ အပစ်သတ်ခံရတဲ့ အပစ်မဲ့ပြည်သူတွေ ကိုလည်း ပိုပြီးအားနာတယ်လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

“ဒါကြောင့် စစ်အာဏာရှင် ကျဆုံးသည်အထိ အောင်ပွဲ ရသည်အထိ တိုက်ပွဲ ဝင်သွားပါ့မယ် ။အောင် ပွဲနဲ့အတူ မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ်။ တော်လှန်ရေးသစ္စာဖြင့်” ဟု ဒေါ်ဖြူဖြူသင်းက သူမရဲ့ Facebook ကနေ အခုလို အသိပေးလိုက်တာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.