စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး အဆုံးထိတိုက်ပွဲဝင်မယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ကြေညာ
ဖေဖော်ဝါရီ ၆၊ ၂၀၂၃
အလုပ်သမားထုနဲ့ အတူ မလျော့တဲ့ စိတ်ဓာတ်တွေနဲ့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ် မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
သပိတ်လက်နက်ကိုင်စွဲထားတဲ့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် အလုပ်သမားတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ အတွက် စက်ရုံ ၁ဝ ရုံ ကသမဂ္ဂခေါင်းဆောင်အဖွဲ့ဝင် အလုပ်သမား ၁၂,၀၀၀ ကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ စက်ရုံတွင်း စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဖဲကြိုးနီ ကမ်ပိန်း ကို စတင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။
နောက်တစ်ရက် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ ပါရမီစိန်ဂေဟာရှေ့ အင်းစိန်လမ်းမပေါ်မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( FGWM သမဂ္ဂခေါင်းဆောင်တွေနဲ့ အတူ အဖွဲ့ဝင်အလုပ်သမား ၄,၀၀၀ နီးပါးဟာ အန္တရာယ်အထပ်ထပ်ကြားက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားထုကြီးက စစ်အာဏာသိမ်းမှုကို ရဲရဲတောက် ဆန့်ကျင်တော်လှန်ခဲ့တာ အခုဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး အဆုံးထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။