စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့ပြည်ထောင်စု လွှတ်တော်ကျင်းပနေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
ဖေဖော်ဝါရီ ၅ ၊ ၂၀၂၂
စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအ စိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့နဲ့ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် ကျင်းပနေဖို့လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။
“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ဖို့ ပြည်ထောင်စု လွှတ်တော် ရှိပါမယ်။ ဒီမိုကရေစီ တရားဝင်ဖို့ လွှတ်တော် ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင် ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆိုတာ ဆက်လက်ကျင်းပနေဖို့လိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးဟာ ကျွန်တော်တို့ထင်ထားတာထက် တောင် ပိုအရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာပါ။
ဒါအပြင် လွှတ်တော်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးနိုင်ငံရေးအဆောက် အဦ(institution)ဖြစ်ပြီး လွှတ်တော်မရှိရင် ဒီမိုကရေစီမရှိတဲ့အတွက်ကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရတာဖြစ်တယ်လို့လည်း ဆက်ပြောထားတာ တွေ့ရပါတယ်။
နိုင်ငံရေးအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ကြားကာလမှာ အမျိုးသားညီညွတ် ရေးအစိုးရအတွက် လိုအပ်တဲ့ ဥပဒေပြုရေးနဲ့ အခွင့်အာဏာ၊ လုပ်ဆောင်မှုတွေကို ကြီးကြပ်ထိန်းညှိပေးတာဟာ လွှတ်တော်ရဲ့ အရေးကြီးတဲ့ တာဝန်ဖြစ်တယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဦးဆောင်တဲ့ အစုအဖွဲ့အစုံအလင်နဲ့ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလမ်းစဥ်မှာလည်း CRPH အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဆိုတာ အာဏာရှင် မပြတ်ကျသရွေ့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်သရွေ့ မြန်မာနိုင်ငံရဲ့ ဥ့ပဒေပြုရေးနဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်နေ ရမှာဖြစ်ပြီး အခက်အခဲတွေအားလုံးကို အတူတကွကျော်လွှားကြဖို့အရေးလည်း ထည့်သွင်းပြောကြားထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။