စစ်အာဏာရှင်စနစ် နေဝင်ချိန်ရောက်ဖို့ နီးကပ်လာပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်တော်လှန်ရေးနေ့ ပေးပို့တဲ့သဝဏ် လွှာမှာ ဖော်ပြထား
ဇန်နဝါရီ ၃၁ ၊ ၂၀၂၂
တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်တွေကြောင့် စစ်အာဏာရှင်စနစ် နေဝင်ချိန် ရောက်ဖို့ နီးကပ်လာနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ကျရောက်တဲ့ ကရင်တော်လှန် ရေးနေ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
သဝဏ်လွှာမှာက တိုင်းရင်းသားပြည်သူတွေရဲ့ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ဆင်နွှဲနေ ကြတဲ့ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်ရဲ့နေဝင်ချိန်က နီးကပ်လာပြီဖြစ်သလို အဓမ္မအကြမ်းဖက် စစ်ဝါဒချုပ်ငြိမ်းပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ဖို့အတွက် ကရင်အမျိုး သားတွေအနေနဲ့ အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့အတူလက်တွဲပြီး တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့် တင်ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ဖော်ပြထားပါတယ်။
ဒါအပြင် လွန်ခဲ့သော(၇၃)နှစ်ကစတင်ပြီးတော့ ယနေ့အချိန်ထိ ခေတ်အ ဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံတွန်းလှန် စစ်မှာ ရှေ့တန်းကဦးဆောင်ပါဝင်ပြီး စွန့်လွှတ်အနစ်နာခံမှုများစွာပြုလုပ်ခဲ့တဲ့ကရင်အမျိုးသားတွေကိုလည်း ဦးညွှတ်ဂုဏ်ပြု တယ်လို့ ဖော်ပြထားပါသေးတယ်။
ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ လိုလားချက်က လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ဖြစ်ပြီးတော့ ပြည်ထောင်စုရဲ့အနာဂတ်ကို တည် ဆောက်ရာမှာ အဟန့်အတားပြုနေတဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ဖို့အတွက်ကလည်း ပြည်ထောင်စုဖွား တိုင်း ရင်းသားတွေအားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ခံယူထားတယ်ဆိုပြီးတော့လည်း သဝဏ်လွှာမှာဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။