စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ထံကို တိုင်ကြားနိုင်တဲ့ အချက်အလက်တွေ ထုတ်ပြန်

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ထံကို တိုင်ကြားနိုင်တဲ့ အချက်အလက်တွေ ထုတ်ပြန်
မတ် ၁၄ ၊ ၂၀၂၂

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ထံကို တိုင်ကြားနိုင်တဲ့ အချက်အလက်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားနိုင်တဲ့ နေရာတွေကတော့ အီးမေးလ်ဆိုရင် [email protected] ၊ Signal နံပတ်က တိုင်ကြားမယ်ဆိုရင် +66 626940294 ၊ Viber နံပတ်နဲ့ ဆိုရင် +66 626940294 နဲ့ Telegram နံပတ်နဲ့ ဆိုရင် +66 626940294 ကို ချိတ်ဆက်တိုင်ကြားနိုင်ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာတော့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က လက်ရှိဖြစ်ပွားနေ တဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေးအ တွက် အ ရေးယူဆောင်ရွက်လျက်ရှိတယ်ဆိုတာနဲ့ စစ်ဘက်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက ကာကွယ် ရေးဝန်ကြီးဌာနက အမိန်န့ ညွှန်ကြားချက်တွေထုတ်ပြန် ပြီး စစ်ဘက်တာဝန်တွေက ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ သစ္စာ အဓိဌာန် (၄)ချက်ကို လိုက်နာကြဖို့နဲ့ ပြည်သူ လူထုအား ထိခိုက်စေတဲ့ မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရ မယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြဖို့နဲ့ အပြန်အလှန် ထိန်းကျောင်သွားကြဖို့လည်း အထူးလိုအပ်တယ်လို့ ဆိုထားသလို ရန်သူ့သတင်းပေးတွေ၊ စစ်သုံ့ပန်းတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရာမှာ သက်သေအထောက်အထား စာရွက်စာတမ်းတွေ ထားရှိရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမယ်လို့ သတိပေးထား တာတွေ့ရပါတယ်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အများပြည်သူတို့အနေနဲ့ အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေကို သတင်းပေး တိုင်ကြားနိုင်‌ကြဖို့အတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.