စစ်ဘေးရှောင်ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြားသောကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက အလှူငွေထည့်ပေးကြဖို့ ဖိတ်ခေါ်
မတ် ၁၁ ၊ ၂၀၂၂
စစ်ဘေးရှောင် ပြည်သူတွေအပါအဝင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အလှူငွေထည့်ပေးကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
နိုင်ငံတကာအလှူရှင်တွေနဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာအလှူရှင်တွေဆီကို ရည်ရွယ်ပြီးတော့ ကျန်းမာရေးဝန်ကြီး ဌာနက အလှူခံထားတာပါ။
မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်ကယ်ဆယ်ကုသနိုင်ရန်၊ စစ်ဘေးရှောင် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန်၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအပါအဝင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်တို့အတွက် ရန်ပုံငွေမြောက်မြားစွာ အမြန်လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ https://moh.nugmyanmar.org/donate/ ကိုဝင်ရောက်ပြီးတော့ လှူဒါန်းနိုင်တယ်လို့ လည်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။