စစ်ဗျူဟာ၊တိုက်ခိုက်ရေးနဲ့ ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်တွေအပြင် CDM Major 48 ခေါင်းဆောင်ပြီး PSDFကို ဖွဲ့စည်း

စစ်ဗျူဟာ၊တိုက်ခိုက်ရေးနဲ့ ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်တွေအပြင် CDM Major 48 ခေါင်းဆောင်ပြီး PSDFကို ဖွဲ့စည်း

ဒီဇင်ဘာ ၁၂၊ ၂၀၂၁

အာဏာရှင် စစ်ကောင်စီလက်အောက်က နှုတ်ထွက်လာတဲ့ CDM Major 48 ရဲ့ခေါင်းဆောင်မှုနဲ့ အတူ စစ်ဗျူဟာ၊တိုက်ခိုက်ရေးနဲ့ ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပြီး People Soldiers’ Defense Force (PSDF)ကို ဖွဲ့စည်းထားတယ်လို့ PSDF က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေ နှုတ်ထွက်လာတဲ့ CDM ဗိုလ်ကြီးတွေထဲက စစ်ဗျူဟာဆိုင်ရာ အကြံပေးနဲ့ ဆက်ဆံရေးအရာရှိအဖြစ် ဗိုလ်ကြီးထက်မြတ်၊တိုက်ခိုက်ရေးနဲ့ စစ်ဗျူဟာဆိုင်ရာ အကြံပေး အဖြစ် ဗိုလ်ကြီးအေးချမ်းက တာဝန်ယူမှာဖြစ်ပြီး တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာ ဆိုင်ရာတွဲဖက်အကြံပေးအဖြစ် ဗိုလ်ကြီးဇင်ယော်အပါအဝင် ဖောက်ခွဲဖျက်ဆီးရေးနဲ့ စစ်ဗျူဟာဆိုင်ရာအကြံပေးအဖြစ် ဗိုလ်ဇာနည်အောင်တို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါအပြင် မြေပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်လုပ်နေကြတဲ့ လုံခြုံရေးအရ အမည်လိုတဲ့ အရာရှိ၊စစ်သည်တွေနဲ့ တခြားကျွမ်းကျင် ပညာရှင်တွေလဲ ပူးပေါင်းပါဝင် ဖွဲ့စည်းထာတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PSDF အနေနဲ့ နိုဝင်ဘာထဲမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ချောင်းဦး၊မြောင်၊မြင်းမူ၊ဆားလင်းကြီး၊ဒီပဲယင်း၊မြင်းခြံ အပါအဝင် မြေအောက် UG အဖွဲ့တချို့နဲ့ မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းထားတယ်လို့ သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Add your reaction

  1. အာဏာသိမ်းအကြမ်းဖက်လူသတ်မီးရှို့စစ်ကောင်စီသူပုန်များကျဆုံးပါစေ
    အာဏာသိမ်းအကြမ်းဖက်လူသတ်မီးရှို့စစ်ကောင်စီသူပုန်မင်းအောင်လှိုင်ကျဆုံးပါစေ
    အာဏာသိမ်းအကြမ်းဖက်လူသတ်မီးရှို့စစ်ကောင်စီသူပုန်များကျဆုံးပါစေ

  2. Major 48 ပါ ဆရာ Major 48ယောက်မဟုတ်ပါဘူး ဆရာ ကျွန်တော်သိသလောက်ပြောပြတာပါ

  3. ခေါင်းဆောင်အရာရှိ များကလဲ မိမိတို့ ရပ်တည်ရာ နိုင်ငံ ကြီးများ နယ်မြေများမှ လက်လှမ်းမှီရာ..စစ်ကျောင်းကြီးများ..ပညာရှင်များ..မှ. တိုက်ခိုက်ရေး. စစ်ရေး..စစ်ဗျူဟာ.. လက်နက်နှင့်လက်နက်နည်းပညာများ..စဉ်ဆက်မပြတ်သင်ယူ..နည်းယူနေကြပါလို့..တိုက်တွန်းပါရစေခင်ဗျ။

  4. ပြည်သူလေးစားရတဲ့ပြည်သူ့စစ်သားအဖွဲ့ဝင်အားလုံးဘေးကင်း ကျန်းမာကြပါစေ

  5. Major48 ကိုအားကိုးပါတယ်။ကျန်းမာပါစေ။အောင်မြင်မှုအမြဲတမ်းရရှိပါစေ

  6. ပူပေါင်းတယ်ဆိုပေမဲ့ သတိတော့ထားစေချင်တယ်
    အနီးကပ် ရန်သူက ပိုကြောက်ဖို့ကောင်းတယ်

  7. သတင်းမှန်ရင်ကောင်းတယ်ဖွဲပြီးရင်လည်းအမြန်ဆုံးလုပ်ဆောင်ဖို့အရေးကြီးတယ်လေပေါ်တော့မလုပ်ကြပါနဲ့ပြည်သူတွေနာတာများနေပြီတကယ်မှန်ကန်ရင်အောင်မြင်ပါစေ

  8. ကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ တူမီးကိုတောင်မနိုင်တဲ့ ဗျူဟာတွေနဲ့ဆက်သွားမလားလို့
    မေးစရာရှိတယ်လေနော့

  9. ကူညီသူအားလုံးကိုကျေးဇူးတင်ပါတယ်ဘေးကင်းကြပါစေ

  10. ​ကျေးဇူးပါပြည်သူကို​ကျေးဇူးပြန်ဆပ်ရာ​ရောက်ပါတယ်အမြန်စုံးပွဲသိမ်းနိုင်ကြပါ​စေ
    …………….​ဘေးကင်းစွာဖြစ်

  11. ပြည်သူ့ဘက်မှာ ရပ်တည်ရင် ပြည်သူ့စစ်သားပါ။ပြည်သူ့စစ်သား မှန်ရင် တန်ဘိုးထား လေးစားပြီးသားပါ။

  12. ပြည်သူ့စစ်သားနှင့်ပြည်သူ့သူရဲကောင်းများ
    လေးစားဦးညွတ်ပါတယ်
    အရေးတော်ပုံအောင်နေပြီ

  13. ပြည်သူ့ဘက်တော်သားဗိုလ်ကြီးများနဲ့တကွ သူရဲကောင်းများအားလုံးကိုဦးညွှတ်အလေးပြုပါတယ် တိုက်တဲ့ပွဲတိုင်းအကျအရှုံးမရှိအောင်မြင်ကြပါစေ

  14. ပြည်သူ့တပ်မတော်သားများဘေးရန်ကင်းဝေး၍တိုက်ပွဲတိုင်းအောင်မြင်နိုင်ပါစေ🙏

  15. ပြည်သူနှင့်တသားတည်းရှိကြ​သောပြည်သူချစ်ရဲ​ဘော်များကိုလှိုက်လှဲစွာ​လေးစားဂုဏ်ယူကြိုဆိုလျှက်ပါအမြဲတန်း​ဘေးကင်းရန်ကွာကျန်းမာပြီးလိုရာဆန္ဒ​တွေပြည့်ဝကြပါ​စေ

  16. Major 48 က ဗိုလ်မှုးအောင်ကောင်းခန့် ခံယူထားတဲ့ နာမည်ပါဗျ
    48 ယောက် မဟုတ်ပါဘူး

  17. သူတို့တွေစိတ်ချရပါ့မလား။ သူ့လူကိုယ့်ဘက်သားလိုလုပ်နေလားလေ့လာကြပါအုံး။

  18. တိုက်ပွဲတိုင်းအောင်မြင်ကြပါစေ ဘေးရန်ကင်းကြပါစေ

  19. CDM တဲ့ သတိတော့ ထားသင့်တယ် သူတို့ကြောင့် ပြည်သူတွေ ထိနေ ခံရတာ
    မယုံသင့်တော့ဘူး
    ကိုဇေယျာ … သူတို့ကြောင့်..😩😪😭

  20. ပြည်သူ့စစ်သားများအားလုံး၏ဆောင်ရွက်ချက်များအမြန်ဆုံးအောင်မြင်ပါစေ။ကျန်းမာကြပါစေ။ဘေးကင်းကြပါစေ။

  21. အားလုံးဘေးကင်းစွာနဲ့အောင်မြင်ကြပါစေ တရားသောစစ်ပွဲမှာဘုရားသင်တို့နှင့်အတူပါရှိပါစေ
    အရေးတော်ပုံအောင်ရမည်

  22. တိုက်ပွဲတိုင်းမှာဘေးရန်ကင်းစွာအောင်မြင်ပါစေ
    အစစအရာရာ သတိရှိကြပါ မိမိတို့၏လျို့ဝှက်ချက်တွေ သတင်းတွေမှာတင်ပြခြင်းများမလုပ်ပါနဲ့စိုးရိမ်လို့ပါကျေးဇူးတင်ပါတယ်

  23. ဝမ်းသာအားရကြိုဆိုပါတယ်
    ရေးတော်ပုံအောင်ရမည်

  24. ပြည်သူတွေဘက်ရပ်တည်တဲ့ပြည်သူ့ဘက်တော်သားအားလုံး ဘေးကင်းကျန်းမာကြပါစေ
    တိုက်သောစစ်ပွဲတိုင်းအောင်မြင်ပါစေ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.