“စစ်တပ်ထုတ်ကုန်လွှင့်ပစ် ၊ C2D မှာ များများကလစ် ပြည်သူလူထုများများကူ၊ No Fly Zone ဖော်ဆောင်ယူ”

“စစ်တပ်ထုတ်ကုန်လွှင့်ပစ် ၊ C2D မှာ များများကလစ် ပြည်သူလူထုများများကူ၊ No Fly Zone ဖော်ဆောင်ယူ”

ဒီဇင်ဘာ ၂၉၊ ၂၀၂၁

အခုအချိန်က မြန်မာနိုင်ငံ နေရာဒေသ တော်တော်များများမှာ စစ်ပွဲတွေဖြစ်ပွားနေပြီး
အကြမ်းဖက်စစ်တပ်က လေကြောင်းလိုင်းကို ရည်ရွယ်ချက်ရှိရှိသုံးပြီး လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။

No Fly Zone သတ်မှတ်ပေးဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နိုင်ငံတကာကို တောင်းဆိုတာတွေ ရှိနေသလို ပြည်သူလူထုအနေနဲ့လဲ No Fly Zone ကို ကိုယ်တိုင်ပါဝင် ဖော်ဆောင်ပေးဖို့ အချိန်ရောက်နေပြီလို့ အမျိုးသမီးမဟာမိတ်အင်အားစု က ပြောဆိုလိုက်ပါတယ်။

No Fly Zone ဖော်ဆောင်ရာမှာ ပထမဦးဆုံး လုပ်ဆောင်ရမှာက လေယာဉ်စက်သုံးဆီတွေ အလုံအလောက် အသုံးမပြုနိုင်‌စေရေးအတွက် စစ်တပ်ကို စီးဆင်းနေတဲ့ ငွေကြေးတွေကို ဖြတ်တောက်ရပါမယ်လို့ ဆိုပါတယ်။

အဲဒီလို ဖြတ်တောက်တဲ့ နေရာမှာလဲ ပြည်သူလူထုက စစ်တပ်ထုတ်ကုန်နဲ့အတူ စစ်တပ်ဆက်စပ် စီးပွါးရေးနဲ့ ထုတ်ကုန်တွေကိုပါ သပိတ်မှောက် အသုံးမပြုကြဖို့ အမျိုးသမီးမဟာမိတ်အင်အားစုက တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် မြေပြင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ click2donate/ thadin အစရှိတဲ့ application တွေကို အခုထက်ပိုမို ပါဝင် click ပေးကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

click များများလုပ်တာက ထောက်ပံ့ငွေပိုမိုရရှိမှာဖြစ်ပြီး လေကြောင်းနဲ့ တိုက်ခိုက်တာတွေကို ပြန်လည်ခုခံနိုင်တဲ့အထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေက တတ်နိုင်တဲ့ ဘက်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် များများကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း ဆိုပါတယ်။

အဲဒီလိုလုပ်မှ အကြမ်းဖက်စစ်တပ်က လူမဆန်ပဲ ရက်ရက်စက်စက် လေကြောင်းကနေ တိုက်ခိုက်တာကို ပြန်လည်ခုခံနိုင်ပြီး No Fly Zone ကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူလူထုအနေနဲ့ No Fly Zone ဖော်ဆောင်ရေးမှာ တစ်‌ထောင့်တစ်နေရာက ကိုယ်တိုင်ပါဝင် ဖော်ဆောင်ပေးပါဖို့ Women Alliance Burma – အမျိုးသမီးမဟာမိတ်အင်အားစု က မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားတာတွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.