စစ်တပ်ဆက်နွယ်ကုမ္ပဏီတွေ စစ်လက်နက်တွေနဲ့ စက်ပစ္စည်းတွေ ဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းတွေ ပေါက်ကြားပြီး

စစ်တပ်ဆက်နွယ်ကုမ္ပဏီတွေ စစ်လက်နက်တွေနဲ့ စက်ပစ္စည်းတွေ ဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းတွေ ပေါက်ကြားပြီး
အထောက်အထားအသစ်ရရှိဖို့ အရေးတကြီးပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ Justice For Myanmar တောင်းဆို

ဖေဖော်ဝါရီ ၇၊ ၂၀၂၂

လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းတွေအရ မြန်မာ စစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ စစ်လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်း ဝယ်ယူမှုတော်တော်များများကို International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နှင့် Myanmar New Era Trading Company တို့က ပါဝင်မှု သက်သေအထောက်အထားတွေ ဖော်ပြထားတယ်လို့ Justice for Myanmar က ဆိုပါတယ်။

အဲဒီစာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ကုမ္ပဏီတွေက မြန်မာစစ်တပ်ကိုယ်စား ဝယ်ယူပေးမှုတွေနဲ့ သမိုင်း ကြောင်းတွေကို ထုတ်ဖော်ထားတာလဲဖြစ်ပါတယ်။

စာရွက်စာတမ်းတွေထဲက တချို့ကိုလဲ Justice For Myanmar ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

လျှို့ဝှက်ပေါက်ကြားတဲ့ စာရွက်စာတမ်းတစ်ခုမှာ IGG ရဲ့ ကုမ္ပဏီခွဲ Gateways Hongkong Company Limited ကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်အတွင်း မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ လေယာဉ်စက်ပစ္စည်းတွေ ပေးသွင်းဖို့ အနည်းဆုံး စာချုပ် ၁၂ ခုကို ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အခြားလျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းတစ်ခုမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၇ သန်းကျော် တန်ဖိုးရှိ လေယာဉ်တွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ စစ်သင်္ဘောတွေအတွက် စစ်လက်နက်တွေကို ကုမ္ပဏီတစ်ခုတည်းက ဝယ်ယူမှု ၅ ကြိမ်ရဲ့ အသေးစိတ်အချက်အလက်တွေလဲ ပါရှိတယ်လို့ သိရပါတယ်။

အဲဒီလို စစ်တပ်ဆက်နွယ်တဲ့ အဓိကကုမ္ပဏီတွေ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်နေရာမှာ လူပုဂ္ဂိုလ် (၁၈) ဦးကို ဖော်ပြထားပြီး အဲဒီထဲက ၄ ယောက်က မိသားစုဝင်တွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူတို့ တစ်ဦးချင်းစီက စင်ကာပူနိုင်ငံမှာ ကုမ္ပဏီခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မြန်မာလက်နက်ပွဲစားတွေက မြန်မာစစ်တပ်နဲ့ နိုင်ငံတကာလက်နက်ရောင်းချသူတွေကြား ငွေပေးချေမှု အဆင်ပြေစေဖို့ စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့တာြဖစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ဒေါက်တာနိုင်ထွဋ်အောင်က မြန်မာ့စစ်လက်နက်ကုန်သွယ်မှုမှာ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ပစ္စည်းပေးသွင်းသူတွေ အထူးသဖြင့် တရုတ်နိုင်ငံရှိပစ္စည်းပေးသွင်းသူတွေနဲ့ မြန်မာ့လေတပ်၊ မြန်မာ့ရေတပ်တို့ အကြား အကျိုးဆောင်ပေးနေတယ်လို့ JFM မှာ ဖော်ပြထားပါတယ်။

ဒေါက်တာနိုင်ထွဋ်အောင်က လက်ရှိကာကွယ်ရေးဦးစီးချုပ်၊ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်မှုရှိတဲ့ လူတယောက်လဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်မှာ ဒေါက်တာ နိုင်ထွဋ်အောင်နဲ့ IGG ကုမ္ပဏီကို အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ပွဲစားလုပ်ကိုင်တဲ့ အမည်စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

ကုန်ပစ္စည်းတင်ပို့မှုအချက်အလက်အစုအစည်းဖြစ်တဲ့ ImportGenius ရဲ့ မှတ်တမ်းတွေအရ ထင်ရှားတဲ့အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Consultancy Company Limited မှာ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်း ပေးခဲ့တာြဖစ်ပါတယ်။

နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများလိုအပ်တာနဲ့ပတ်သက်ပြီး
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် မြန်မာစစ်တပ်က သွေးထွက်သံယိုစစ်အာဏာသိမ်းကြိုးပမ်းမှု လုပ်ဆောင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ၊ အဲဒီတစ်နှစ်တာကာလမှာ မြန်မာစစ်တပ်က လက်နက်မဲ့အရပ်သားပြည်သူ (၁,၅၀၀)ကျော်ကို သတ်ဖြတ် ခဲ့ပြီး (၁၁,၀၀၀) ကျော် ကို ဖမ်းဆီးထားပါတယ်။”

“စစ်ကောင်စီက အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ၊ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာ၊ မုဒိန်းကျင့်တာတွေ စတဲ့ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်နေတုန်းပါပဲ။
“UNHCR ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူ (၄၀၀,၀၀၀)ကျော် ကို အတင်းအဓမ္မဖိအားပေး ရွှေ့ပြောင်းစေခဲ့ပြီးပါပြီ။
“စစ်ကောင်စီက ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ တွေကို နှောက်ယှက်ဖျက်ဆီးတာ ဟန့်တားပိတ်ပင်တာတွေလုပ်ခဲ့ပြီး ကျန်းမာရေးနဲ့ ကူညီထောက်ပံ့ ရေးဝန်ထမ်းတွေကို တိုက်ခိုက်နေပါတယ်။

“ဒီလိုရာဇဝတ်မှုတွေကို International Gateways Group နဲ့ Myanmar Consultancy Company တို့ လို ပွဲစားကုမ္ပဏီတွေရဲ့ စစ်လက်နက်တွေ ဆက်လက်ပေးသွင်းနေမှုက အားပေးကူညီနေပါတယ်။

“ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ကူပေးနေပြီး မြန်မာပြည်သူတွေ အပေါ် ဆက်လက်တိုက်ခိုက်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီဆီ စစ်လက်နက်စီးဆင်းမှုတွေရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ အားပေးအားမြှောက်ဖို့အတွက် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာအသုံးချခွင့်ပေးထားတာပါ၊ စင်ကာပူအနေနဲ့ မြန်မာစစ်တပ်ဝယ်ယူမှု တွေအတွက် အခရာကျတဲ့ သူ့ရဲ့ အခန်းကဏ္ဍကနေ မဖြစ်မနေရပ်တန့်ပါ။” လို့ JFM က ဖော်ပြထားပါတယ်။

သတင်းထုတ်ပြန်ချက် အပြည့်အစုံကို https://bit.ly/3L8zIYh ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းတွေ၊ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ဖို့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ အပါအဝင် သတင်းဆောင်းပါးအပြည့်အစုံကိုလဲ ဒီလင့်မှာ https://bit.ly/34jSM5b
#WarCrimes #CrimesAgainstHumanity #Myanmar #MyanmarMilitary #JusticeForMyanmar #Sanctions ဖော်ြပထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.