စစ်ကြောရေးတွင် ကျဆုံးသွားသည့် မောင်ဘုန်းမြင့်အောင်၏နာရေး ယနေ့ပြုလုပ်မည်
၂၄ နိုဝင်ဘာလ ၂၀၂၁
အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားတဲ့ မောင်ဘုန်းမြင့်အောင်ရဲ့နာရေး
ကို ဒီနေ့မြေချ သဂြိုလ်သွားမယ်လို့ ကျန်ရစ်သူမိသားစုက အသိပေးထားတာတွေ့ရပါတယ်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၄)လမ်းနေ မောင်ဘုန်းမြင့်အောင်ဟာ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဖခင်ဖြစ်သူနဲ့အတူ စစ်ကောင်စီအဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
အဖမ်းခံရပြီးနောက် ဖခင်ဖြစ်သူကို ညပိုင်းမှာပြန်လွှတ်ပေးခဲ့ပေမယ့် မောင်ဘုန်းမြင့်အောင်ကိုတော့ အဖမ်းခံရပြီး နောက်တစ်ရက်မှာ သေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့က မိသားစုထံ အကြောင်းကြားလာတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မောင်ဘုန်းမြင့်အောင်နဲ့ ဖခင်ဖြစ်သူတို့ကို အကြမ်းဖက်စစ်ကောင်စီကဘာ့ကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။
ကွယ်လွန်ချိန်မှာ အသက် ၁၉ နှစ်သာရှိသေးတဲ့ မောင်ဘုန်းမြင့်အောင်လိုပဲ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လို့ စစ်ကြောရေးမှာ အသက်ပေးလိုက်ရတဲ့သူအရေအတွက်က ၁၈၀ ဦးခန့်ရှိနေပြီလို့သိရပါတယ်။
#SpringRevolution
#PVTV